ကန့်ဘလူမြို့မဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ် ဆူးပုတ်ရွက်များသည် ကန့်ဘလူမြို့ ပေါ်ရပ်ကွက်၊ နတ်ပေး ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဆူးပုတ်ရွက်(၁)စည်းလျှင် (၃၀၀)ကျပ်၊ (၄)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဆူးပုတ်ရွက်ကို အကြော်ဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူအသုံးပြုသည့်အတွက် ပုံမှန်ရောင်းဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)