ကုန်သွယ်မှုသတင်းများ
Powered by Drupal
22 Oct 2024

22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်မြို့ဈေးကွက်က နှစ်စဉ် ဝယ်ယူမှုကောင်းနေကြောင်း မအူပင်မြို့နယ်ရှိ ငါခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုစုခိုင်ကပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ငါးရံ့ခြောက်များကို ရန်ကုန်ဈေးကွက်မှ ကုန်သည်များက ဝယ်ယူမှုအားကောင်းပါသည်။ ယခင်နှစ်တွင် တစ်ပတ်လျှင် ငါးရံ့ခြောက်ပိဿာချိန် ၅၀မှ ၁၅၀ထိတင်ပို့ရောင်းချနေရကြောင်းသိရသည်။ ယခုနှစ် ငါးရံပေါ်ချိန်၌လည်း ယခင်နှစ်ထက် ဈေးကောင်းရနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်ဟုပြောကြားခဲ့သည်။
