ကုန်သွယ်မှုသတင်းများ
Powered by Drupal
22 Oct 2024
မြန်မာနိုင်ငံအနှံ့အပြားတွင် မြေအမျိုးအစားမရွှေး ချင်းကိုစိုက်ပျိုးနိုင်သည်။ ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်နှင့် တိုင်းရင်းဆေးဖော်စပ်ရာတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သည်။ ချင်းစိုက်ပျိုးရန် အကောင်းဆုံးချိန်မှာ မေလဖြစ်ပြီး တစ်နှစ်ခံ ပင်ပျော့ပင်မျိုးဖြစ်သည်။ (၇-၈) လကြာလျှင် ချင်းတက်များရရှိပါသည်။ တစ်ဧကလျှင် ပိသာ (၂ ,၀၀၀) ခန့်ထွက်ရှိကြောင်းသိရသည်။

22 Oct 2024
ဗီယက်နမ်အစိုးရသည် ရေအောက်အင်တာနက်ကေဘယ်ကြိုးအသစ်နှစ်ခုကိုတပ်ဆင်ပြီး လာမည့်နှစ်တွင် နိုင်ငံအနှံ့ 5G မိုဘိုင်းလ်ဝန်ဆောင်မှုများဖြင့် ဖြန့်ကျတ်ထားရန် ရည်ရွယ်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
အဆိုပါလှုပ်ရှားမှုသည် ဒုတိယဝန်ကြီးချုပ် Nguyen Hoa Binh က ဗုဒ္ဓဟူးနေ့တွင်ရေးထိုးခဲ့သည့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

22 Oct 2024
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ ၉လတာကာလတွင် အမေရိကန်ဒေါ်လာ ၁၉.၈ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခဲ့ပြီး ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၁၇% မြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် အခွန်ထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၂၁ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများအား ပြည်ပဈေးကွက်မှ တင်သွင်းခဲ့ကြောင်း သိရပါသည်။ ထိုအချက်အလက်များအရ ကမ္ဘောဒီးယား၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄၀.၉ ဘီလီယံက

22 Oct 2024
ဘင်္ဂလားဒေရှ်နိုင်ငံ၏ အမျိုးသားအခွန်များဘုတ်အဖွဲ့ (NBR) သည် လက်ရှိ သကြားတင်သွင်းမှုဆိုင်ရာစည်ကြပ်ခွန်ကို ထက်ဝက်လျော့ချခဲ့ပြီး ၎င်းအား ၁၅ရာခိုင်နှုန်းအထိလျော့ချခဲ့ကြောင်းသိရသည်။ မသန့်စင်သောသကြားများအပေါ် တင်သွင်းခွန်ကို တစ်ကီလိုလျှင် ၁၁.၁၈ Tk (Tk= Bangaladesh Taka) လျှော့ချလိုက်ပြီး သန့်စင်ပြီးသကြားအား တစ်ကီလိုလျှင် ၁၄.၂၆ Tk လျှော့ချလိုက်ကြောင်း NBR က အောက်တိုလာလ ၉ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင်ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများ၊ နိုင်ငံရေးမတည်ငြိမ် မှု
