ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 May 2023

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ်မေးမြန်း တင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

08 May 2023

အိန္ဒိယနိုင်ငံ၌ ၁ လတာကာလအတွင်း ပဲစင်းငုံဈေးနှုန်းများ ၁၀% ခန့် မြင့်တက်လာမှုနှင့်အတူ အစိုးရအနေဖြင့် ကျောင်း၊ သင်တန်း၊ ဆေးရုံ စသည်တို့တွင် ကျွေးမွေးသည့်နေ့လယ်စာအစီအစဉ်၌ ပဲစင်းငုံအစား ပဲနီလေး၊ ကုလားပဲတို့ကဲ့သို့သော အခြားပဲမျိုးများကို အသုံးပြုရန် အိန္ဒိယပဲမျိုးစုံနှင့်ကောက်ပဲသီးနှံကုန်သည်များအသင်း (IPGA) က တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

08 May 2023

     မန်ကျည်းပင်ကို နေရာဒေသမရွေးစိုက်ပျိုးထားကြပြီး အရိပ်ရအပင်အဖြစ် တစ်မျိုး၊ စားပင်/သီးပင်အဖြစ်တစ်သွယ်၊ ထင်းအဖြစ်တလဲ အသုံးပြုရန်အတွက် အိမ်တိုင်းနီးပါးစိုက်ပျိုးထားရှိကြပါသည်။ မန်ကျည်းပင်သည် အရွက်နုမှအစ အသီးမှည့်ချိန်အထိအသုံးဝင်ကာ ဝင်ငွေတစ်မျိုးရရှိနေသောအပင်တစ်မျိုးလည်း ဖြစ်ပါသည်။ မန်ကျည်းရွက်နုနုလေးများကို အချည်ရည်အဖြစ် ကျိုချက်၍သော်လည်းကောင်း၊ အရွက်နုကို ဆားနှင့်နယ်၍ ခရမ်းချဉ်သီးပြုတ်ရည်၊ ပုစွန်ခြောက်နှင့် မြေပဲဆံတောင်းတို့ကိုထည့်ကာ ရေအေးထည့်ပြီး ဟင်းချိုဖောက်သောက်၍သော်လည

08 May 2023

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘို ခရိုင်များအနေဖြင့် ကလေးခရိုင်သာ ဈေးအေးနေပြီး၊ ကျန်ခရိုင်အားလုံး ဈေးအနည်းငယ် တက်နေပါ ကြောင်း၊ စပါး/ဆန်ဈေးနှုန်းများ ဈေးတက်ရခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တောင်သူလက် ကျန်နည်းပါးနေပြီး၊ နယ်မြေအခြေအနေအရ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် မြို့နယ်  များမှ ဝင်ရောက်မှု နည်းပါးနေခြင်းတို့ကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း သိရပါသည်။

08 May 2023

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

Pages