နန္ဒဝန်ဈေးသစ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာ နန္ဒဝန်ဈေးသစ်၌ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ ( ၂၅ ) ကျပ်သားလျှင် ( ၄၀၀)ကျပ်၊ ( ၅၀) ကျပ်သားလျှင်( ၈၀၀)ကျပ်၊ ၁ပိဿာလျှင် ( ၁၅၀၀)ကျပ်ဖြင့် ဈေးနှုန်းရှိပြီး ကြက်သွန်နီသစ်များ ပေါ်တော့မည်ဖြစ်ရာ ဈေးနှုန်း ကျဆင်းလာကြောင်း၊ ကြက်သွန်ဖြူ ဈေးနှုန်းများမှာ ကြက်သွန်ဖြူ ရှမ်းဥ အလုံးကြီး (၁)ပိဿာလျှင် (၁၄၀၀၀မှ ၁၆၀၀၀ ) ကျပ်၊ ဗမာဖြူ ( ၁ ) ပိဿာလျှင် (၇၀၀၀မှ ၁၁၀၀၀ကျပ်) ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)