ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျီးအင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ဘူးသီးကိုစိုက်ပျိုးကြကြောင်း၊ ဘူးသီးကိုစိုက်ပျိုးရာတွင် ရာသီမရွေးစိုက်ပျိုးကြပြီး စိုက်ပျိုးချိန် (၁)လကျော်လျှင် အသီးကင်းများစတင်သီးကြောင်း သိရှိရပါသည်။

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၉၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၁၂၀၀၀၀၊ တန်အားဖြင့် ၆၀၀၀တန် စီးထွက်ခဲ့ ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ (၁)အိတ်လျှင် ယခင်အပတ် (၂၇-၄-၂၀၂၃)နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၅၅၀၀၀) ရှိခဲ့ရာမှ ယခုအပတ်(၂-၅-၂၀၂၃)နေ့တွင် ကျပ်(၂၈၀၀၀၀) ထိရှိခဲ့၍ ကျပ်(၂၅၀၀၀)ဈေးမြင့်ခဲ့ပြီး (၃၈၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း နှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ ရောင်းဝယ်မှုအဝင်၊အထွက်နည်းပါးနေသေးကြောင်း အောင်လံ ကုန်စည်ဒိုင်မှသိရှိရပါသည်။
မြင်းခြံခရိုင်၏ ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် နွေကြက်သွန်နီအကြီးစတစ်ပိဿာလျှင် (၁၃၅၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ အလတ်စတစ်ပိဿာလျှင် (၉၅၀)ကျပ်မှ (၁၂၅၀)ကျပ်ထိ၊ အသေးစတစ်ပိဿာလျှင် (၇၅၀)ကျပ်မှ (၈၅၀)ကျပ်ထိ စသည်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုမေလ(ပထမပတ်)ဈေးနှုန်းများအနေဖြင့် အကြီးတစ်ပိဿာလျှင် (၁၇၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ အလတ်တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၁၆၀၀)ကျပ်ထိ၊ အသေးတစ်ပိဿာလျှင် (၈၀၀)ကျပ်မှ (၁၂၀၀)ကျပ်ထိဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နွေကြက်သွန်နီဈေးအနေဖြင့် ယခ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ကောင်းလောက်စောက် ကျေးရွာတွင် တစ်နိုင်တစ်ပိုင်ဖြင့် ဝက်သားပေါက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက် မိသားစုစားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။
