ကျွန်းလှမြို့တွင် မိုးဦးကျရာသီ၏ ဖားအိုင်းသားဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်းကဲ့သို့ မြင့်တက်လျက်ရှိပါသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယအပတ်တွင် ကျွန်းလှမြို့၏ ဖားအိုင်းသား ဈေးနှုန်းများ အနေ ဖြင့် ဖားအိုင်းသား လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဖားအိုင်းသား လက်လီ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် စတုထ္ထအပတ်တွင် ကျွန်းလှမြို့၏ ဖားအိုင်းသား ဈေးနှုန်းများ အနေဖြင့် ဖားအိုင်းသား လက္ကား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာ လျှင်(၂၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၁၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းရှိပြီး ယခင်အပတ်ထက် အနည်းငယ်ရှားပါးလာသည့်အတွက် ဈေးမြင့်တက် လာကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရ ပါသည်။
DOCA(စစ်ကိုင်း)