
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပန်းပင် စိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်တွင် မုံရွာမြို့ပေါ်ရှိ ဈေးများတွင် ရောင်းချနေသော ပန်းဈေးနှုန်းများ အနေဖြင့် အောင်သပြေပန်း၊ သပြေညိုနှင့် အာဆီယံသပြေ ( ၁ )စည်းလျှင် ( ၅၀၀)ကျပ်၊ ကံကော် ပန်း ( ၃ )ကုံးလျှင် ( ၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း အဖြူ၊ ခရမ်း၊ အညို ( ၁ )စည်းလျှင် ၁၅၀၀)ကျပ်၊ ရာသီပေါ် နှင်းပန်းနှင့် သစ္စာပန်း ( ၁) စည်းလျှင် (၁၅၀၀)၊ နှင်းဆီပန်း ( ၁ )စည်းလျှင် (၁၅၀၀)ကျပ်၊ ပိုက်စွပ်နှင်းဆီ ( ၁ )စည်းလျှင် ( ၃၀၀၀)ကျပ်၊ ပန်းတိမ်ငို ( ၁ )စည်းလျှင် ( ၁၅၀၀)ကျပ်၊ စပယ်ပန်းနှင့် ဇွန်ပန်း ( ၅ ) ကုံးလျှင် ( ၁၀၀၀)ကျပ်၊ သပြေငုတ် အကြီးအသေးပေါ် မူတည်၍ (၁) ငုတ်လျှင် (၁၅၀၀)ကျပ်မှ ( ၃၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ပန်းရောင်းသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)