ကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံမှ သွင်းကုန်အားလုံးကို တားမြစ်ပိတ်ပင်လိုက်ကြောင်း မေလ ၃ ရက်နေ့က ကြေညာခဲ့ပြီး ကန်သတ်မှုအား အမျိုးသားလုံခြုံရေးနှင့် ပြည်သူရေးရာ မူဝါဒ အကျိုးစီးပွားအတွက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အိန္ဒိယမှ ထိန်းချုပ်ထားသော ကတ်ရှ်မီးယားတွင် ဧပြီ ၂၂ ရက်နေ့က ပါဟယ်ဂမ်တွင် ခရီးသွားများကို အသေအပျောက် များစေသည့် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား တင်မာမှုများ မြင့်တက်လာခဲ့သည်။ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ

အာဖဂန်နစ္စတန်နိုင်ငံသည် မတ် ၂၀ ရက်တွင် ကုန်ဆုံးသည့် ပါရှန်းပြက္ခဒိန်နှစ် ၁၄၀၃ ခုနှစ် အတွင်း သစ်သီးခြောက်တန်ချိန် ၄၆၆၀၀၀ အား ပြည်ပသို့ တင်ပို့ခဲ့ကြောင်း စီးပွားရေးဆိုင်ရာ ယာယီ ဒုတိယဝန်ကြီးချုပ်ရုံးက မေလ ၃ ရက်နေ့က ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံသည် ကိုးကား ဖော်ပြသည့်ကာလတွင် ဒေါ်လာ ၆၄၃ သန်းဖိုးရှိသစ်သီးဝလံနှင့် သစ်သီးခြောက်တန်ချိန် ၄၆၆၀၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။ သလဲသီး၊ ပန်းသီး၊ apricot၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး၊ ဗာဒံသီး၊ သစ်ကြားသီး၊ ထင်းရှူးဆေ့နှင့် ဆီးသီးတို့သည် ပါကစ္စတန်၊ အိ

နယ်သာလန်တွင် Tesla သည် ဧပြီလတွင် ကားအစီးရေ ၃၈၂ စီးသာ ရောင်းချခဲ့ရပြီး ယခင်နှစ် တစ်လတည်းတွင် မှတ်ပုံတင်ထားသော ကား ၁၄၅၇ စီးထက် ၇၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ကြောင်း ဒတ်ခ်ျမော်တော်ကားလုပ်ငန်းအဖွဲ့ BOVAG၊ RAI Association နှင့် RDC တို့ ပူးပေါင်းထုတ် ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
Tesla သည် ၂၀၂၅ ခုနှစ် ပထမလေးလအတွင်း နယ်သာလန်တွင် ကားသစ် ၃၈၂၅ စီး ရောင်းချနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း ၈၂၉၉ စီးနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွား ခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က မော်တော်ယာဥ်အစိတ်အပိုင်းများအပေါ် အမေရိကန်၏ ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်အသစ်သည် အစောပိုင်းတွင် အသက်ဝင်လာသည့် အတွက် စိတ်ပျက်မိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရ အဖွဲ့အား ၎င်း၏ စည်းကြပ်ခွန်အစီအမံများကို ပြန်လည်သုံးသပ်ရန် ဆက်လက်တောင်းဆိုသွားမည်ဟု Ishiba မှ သတင်းထောက်များအားပြောကြားခဲ့သည်။ အင်ဂျင်နှင့် ဂီယာများ အပါအဝင် တင်သွင်း လာသော မော်တော်ကား အစိတ်အပိုင်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မှ

ဆေးဝါးထုတ်လုပ်သော Renata PLC ကုမ္ပဏီသည် ၎င်းတို့၏ ရောင်းအား မြင့်တက်ခဲ့သော်လည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ တတိယသုံးလပတ်ကာလအတွင်း အမြတ်ငွေသည် ကျဆင်းခဲ့ကြောင်းသိရပါသည်။ ကုမ္ပဏီ၏ အမြတ်ငွေများသည် ကုန်ကြမ်း စရိတ်မြင့်တက်ခြင်း၊ စွမ်းအားတန်ဖိုးမြင့်တက်ခြင်းများနှင့် အတိုးစရိတ်မြင့်တက်ခြင်း များကြောင့် ယခင်နှစ်ထက် tk ၅၈ ကုဋေခန့် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရပါ သည်။ တူညီသောကာလအတွင်းတွင် Renata ၏ ရောင်းအားသည် ပြည်တွင်းလိုဝယ်လိုအား မြင့်တက်လာမှုကြောင့် tk ၁၀၇၀ ကုဋေခန့် ၁၆ ရာခိုင်နှုန်းအထ