ဇန်နဝါရီလတတိယပတ်ရှိအစေ့ထုတ်ပြောင်းစျေးကွက်

Powered by Drupal

    ပြောင်းသီးနှံမှာ မွေးမြူရေးအစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားသည့်အတွက် အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း  ၄၉.၅၅  တင်း၊ အထွက် တင်းစုစုပေါင်း   ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။

          မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း အစေ့ထုတ်ပြောင်း (ရှမ်း) နှင့်(စီပီ)စျေးမှာ ၃တင်းစျေးမှာ ၇၂၀၀၀ ကျပ်နှင့် ၇၃၅၀၀ကျပ်၊တစ်ပိဿာစျေးမှာ ၁၃၃၃ ကျပ် နှင့် ၁၃၆၁ကျပ်စျေးတို့ဖြစ်ကြောင်း သိရှိရပါသည်။

          ယခင်နှစ်ကာလတူ၌ တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့ (ရှမ်း)နှင့်ပြောင်းဖူးစေ့(စီပီ) ၁၅၅၆ကျပ်၊ ပြောင်းဖူးစေ့ (ဗမာ)၁၅၀၀ကျပ်နှင့် ၁၅၁၈ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေး မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)