ကုန်သွယ်မှုသတင်းများ

Powered by Drupal
12 May 2025

          ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၁.၅.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၀၄၀ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၀၂၂ အိတ် နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၃၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၅၂၀ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၉၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၁၅၀ အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၁၉၅၀ ၊လတ်စအိတ်ရေ ၁၄၅၃၊

12 May 2025

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဒေါ်ခင်ဆွေဦးပိုင်ဆိုင်သော ဂန္ဓာမာပန်း (မြနှင်းဝါ) စိုက်ခင်းသို့ (၁၀.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ အဖွဲ့သည် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

12 May 2025

     ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုပ်နှင့် ရွှေတောင်မြို့နယ်များတွင် ကျောက်ဖရုံသီးများကို စီးပွားဖြစ်စိုက်ပျိုးသောကြောင့် အများအပြားထွက်ရှိသော ဒေသများ ဖြစ်ပါသည်။ ကျောက်ဖရုံသီးများကို ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၆)လုံးပါအိတ် (၂၀)အိတ်၊ (၂၂)အိတ်အထိ တင်ပို့ရောင်းချလျှက်ရှိပါသည်။ ကျောက်ဖရုံပင်တစ်ပင်လျှင် အလုံး(၂၀)မှ (၇၀)ထိ ထွက်ရှိကြောင်း သိရပါသည်။ ယခုအချိန်သည် ကျောက်ဖရုံသီးစတင်ထွက်ပေါ်သော အချိန်ဖြစ်သော ကြောင့် ပြည်ဈေးကွက်တွင် ရောင်းချသော ကျောက်ဖရုံသီး

12 May 2025

     တနင်္သာရီတိုင်းဒေသကြီးတွင် ဒူးရင်းသီးထွက်ရှိသော အချိန်ကာလဖြစ်သော မတ်လမှ ဇွန်လအထိ ဒူးရင်းသီးနှင့်ယှဥ်တွဲ၍ စားသုံးရသော ရာသီပေါ်သီးနှံ မင်းဂွတ်သီးများမှာလည်း အပြိုင်ထွက်ရှိကြပါသည်။

12 May 2025

       တနင်္သာရီတိုင်းဒေသကြီးတွင် အသီးမှာ ဘုရင်ဟုတင်စားကြသော ဒူးရင်းပင်များစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိပြီး ဒူးရင်းသီးထွက်ရှိသောအချိန်မှာ မတ်လမှ ဇွန်လအထိထွက်ရှိပြီး မေလနှင့် ဇွန်လများတွင် ဒူးရင်းသီးလှိုင်လှိုင်ထွက်ရှိပါသည်။

Pages