ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 Feb 2023

        တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသောတိုင်းဒေသကြီးဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပါသည်။တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကွမ်းသီးအလုံးတစ်ပိဿာလျှင် (၃၆၀ဝိ/-)ကျပ်နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၃၆၀ဝိ/-)ကျပ်နှုန်းပေါက်ဈေးရှိကြောင်းသိရှိရပြီး ၊ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်နှုန်းပေါက်စျေးရှိကြောင်းသိရှိရပါ သည်။

20 Feb 2023

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည့်နိုင်ငံဖြစ်သောကြောင့် မိုးသီးနှံကို စိုက်ပျိုးရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများကိုလည်း သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြပြန်သည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်အတွင်းရှိ မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တို့တွင် ဆောင်းသီးနှံဖြစ် သောရွှေဖရုံသီးများကို လွန်ခဲ့သော(၈)နှစ်မှစ၍  နှစ်စဉ်စိုက်ပျိုးခဲ့ကြသည်။

20 Feb 2023

      ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း)တစ်ပြည်လျှင် ၃၈၀၀ ကျပ်၊ ဧရာမင်းဆန်(ဟောင်း)တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်)တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ(အသစ်) လက်လီဈေးမှာ အကြီးတစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ ဗမာတစ်

20 Feb 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ

20 Feb 2023

      ဖေဖော်ဝါရီလ လဆန်းပိုင်းမှစ၍  ရွှေဘိုမြို့တွင် မန်ကျည်းသီးမှည့်အသစ်များ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကာ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် မန်ကျဉ်းသီးမှည့်အသစ် တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၄၅၀၀)ကျပ်အထိပေါက်ဈေးရှိပြီး၊ ယခင်နှစ်က လက်ကျန်မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဖြင့်သာ  အရောင်းအဝယ်ဖြစ်နေကြောင်း မန်ကျည်းသီးမှည့်လက်ကား‌ရောင်းချသူတစ်ဦးထံမှသိရပါသည်။

Pages