ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Feb 2023

      ကယားပြည်နယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ၊ အုတ်ရိုက်လုပ်ငန်းများအတွက် လိုအပ်သော ဘိလပ်မြေကို အခြားဒေသများမှ တင်သွင်းကြပြီး  အိမ်ဆောက်ပစ္စည်းများဖြစ်သည့် သံ၊ သွပ် စသည်တို့ကိုလည်း တင်သွင်းကြပါသည်။ ဖေဖော်ဝါရီလ ဒုတိယတစ်ပတ်အတွင်း ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ Apache တစ်အိတ်လျှင် (၉၀၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၉၀၀၀)ကျပ်နှင့် Dragon တစ်အိတ်လျှင် (၉၀၀၀) ကျပ်ဖြစ်ပြီး ယခင်ပထမတစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache တစ်အိတ်လျှင် (၃၀၀)ကျပ်၊ KBZ တစ်အိတ်လျှင် (၄၀၀)ကျပ

17 Feb 2023

    ကယားပြည်နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ သွင်းအားစုအဖြစ် အသုံးပြုသော ဓာတ်မြေဩဇာများကို ရန်ကုန်မြို့မှ အများဆုံးတင်သွင်းကြပြီး  ဖေဖော်ဝါရီလ (၁) ရက် နေ့မှ (၁၅) ရက်နေ့အတွင်း ဓာတ်မြေဩဇာ တင်သွင်းမှုမှာ (၅၄၆၀) အိတ်ရှိကြောင်း ပူးပေါင်းစစ်ဆေးရေး ဂိတ်စာရင်းများအရ သိရှိရပါသည်။

17 Feb 2023

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း လက်လီဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ချင်း(ဂျင်း) တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ နနွင်း တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၂၃၀၀) ကျပ်ရှိပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်နီ တစ်ပိဿာလျှင် (၅၀၀) ကျပ် ကျဆင်းလာခဲ့ပြီး ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ

17 Feb 2023

            ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းတွင် မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်းတွေ့ရှိရပါသည်။ မက္ကဒေးမီးယားအပင်သည် ပင်လတ်၊ ပင်ကြီးမျိုးဖြစ်ပြီး၊ အမြင့်ပေ( ၃၀ မှ ၄၀ ) ကျော်အထိမြင့်တက်လျက်ရှိကာ ဘေးကိုင်းများ အကျယ်ပေ (၄၀)ခန့်အထိ ဖျာထွက်လျက်ရှိသောကြောင့် အရွက်များ အရောင်တောက်ပပြီး စိမ်းလန်းလျက်ရှိ၍ အမြဲစိမ်းသစ်တောပင်ဖြစ်ကြောင်း သိရှိပါသည်။

17 Feb 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊ စားသုံးသူပြည်သူများသည် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

Pages