ကုန်သွယ်မှုသတင်းများ
လွိုင်ကော်မြို့ပေါ်ရှိ ရေနီကန်ကျေးရွာနှင့် လောဓမ္မရပ်ကွက်တို့တွင် စတော်ဘယ်ရီသီးများကို တနိုင်တပိုင်စိုက်ပျိုးလျက်ရှိသော်လည်း ရှမ်းပြည်နယ်တောင်ကြီးဘက်မှလည်းမှာယူ၍ စတော်ဘယ်ရီသီးများကို ရောင်းချလျက်ရှိပါသည်။
ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင် စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ် ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေး ရွာတို့တွင်အဓိကစိုက်ပျိုးလျက်ရှိပြီး၊ ဒေသထွက်ငရုတ်သီးတောင့်ရှည်(ပဒေါင်သီး)သီးသည် အလွန်စပ်သည်။ ငရုတ်သီးကို အခြားမြို့များဖြစ်သော ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဝမ်းတွင်းဒေသမှလည်း ဝင်ရောက်လျက်ရှိပြီး ငရုတ်သီးခြောက်တောင့်ရှည်နှင့်အပုခြေ
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်စမုံ(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁.၂.၂၀၂၃)ရက်နေ့တွင်ကျပ်(၂၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၇.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၆၀၀၀၀)၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၄၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၄၀၀၀၀)၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၅၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)ဖြစ်၍ ဈေးနှုန်