ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘို ခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။
ရွှေဘိုမြို့သို့ ကြက်သွန်နီများ နေ့စဉ် ပိဿာ ၂၀၀၀၀မှ ၃၅၀၀၀ကြားခန့် ဝင်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီလ ဒုတိယပတ်တွင် လက်လီအကြီး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ အသေးတစ်ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါးကိုအဓိကထားစိုက်ပျိုးကြသော်လည်း ကျေးလက်နေတောင်သူများသည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်များကိုမူ စီးပွားဖြစ်စိုက်ပျိုးကာ မိသားစုတစ်နိုင်တစ်ပိုင်စားသုံးရန်နှင့် အပိုဝင်ငွေရရှိရန်စိုက်ပျိုးကြပါသည်။ ဒန့်သလွန်ပင်ကို ရာသီဥတုမရွေးစိုက်ပျိုးနိုင်ပြီး ယင်းဒန့်သလွန်ပင်သည် မည့်သည့်မြေ အမျိုးအစားတွင်မဆို ရှင်သန်ကြီးထွားနိုင်ပါသည်။ ရေမဝပ်သောမြေများတွင် စိုက်ပျိုးပါက ပို၍အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ ဒန့်သလွန်ပင်ကို အစေ့တိုက
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ဖြစ်ပေါ် နေသော ဒေသဆန်ဈေးနှုန်းများမှာ တရုတ်မွှေးဆန်တစ်ပြည်လျှင်(၂၈၀၀)ကျပ်နှင့်(၂၄)ပြည် တစ်အိတ်လျှင်(၆၅၀၀၀)ကျပ်၊ ပုလဲသွယ်ဆန်တစ်ပြည်လျှင်(၂၈၀၀)ကျပ်နှင့် (၂၄)ပြည်တစ်အိတ် လျှင်(၆၅၀၀၀)ကျပ်၊ ရွှေအဆန်တစ်ပြည်လျှင်(၂၈၀၀)ကျပ်နှင့် (၂၄)ပြည်တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ ထိုင်းမွှေးဆန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်နှင့်(၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ် တို့ဖြင့် လည်းကောင်း၊ အခြားဒေသမှတင်သွင်းလာသည့် ဆန်ဈေးနှုန်းများမှာ ဇီယာဆန်တစ
ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသောကုန်စည်ဒိုင်သို့ ဖေဖော်ဝါရီလ(၁)ရက်မှ (၇)ရက်နေ့(ပထမပတ်)အတွင်း တစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီ(အသစ်)ကုန်ချိန်ပိဿာ(၄)သောင်းခန့်အဝင်ရှိပြီး (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်သို့ဝင်ရောက်လျက်ရှိကြောင်းသိရှိရသည်။
