ကုန်သွယ်မှုသတင်းများ
ပြည်ပမှ စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများထံမှ လက်ကားဝယ်ယူခွင့်ရသည့် တောင်ငူခရိုင်မှစားသုံးဆီကုန်သည်များသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သတ်မှတ်ပေးသည့်ရန်ကုန်အထိုင်ဈေး၊ ရည်ညွှန်းလက်ကားဈေးအပေါ် ၂ ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့် အခြေခံလူတန်းစားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသို့ ရောင်းချပေးလျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၇.jpg?itok=wtMgl2U8)
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ နိုဝင်ဘာလ(၉)ရက်နေ့မှ နိုဝင်ဘာလ(၁၅)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချ
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ကားဂိတ်အနီး ရန်ကုန်-မန္တလေးလမ်းဘေး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ကောက်ညှင်းပြာရည်ထုပ်ဆိုင်သည် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ကောက်ညှင်းပြာရည်ထုပ်သည် ကောက်ညှင်းဖြင့်ပြုလုပ်ထားသော်လည်း စေးတွဲတွဲဖြစ်မနေဘဲ စားရတာအရသာရှိလှသော မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်ပါသည်။ ပြာထုပ်ဟုလည်း အလွယ်တကူခေါ်ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၆.jpg?itok=NHxq0JbB)
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာလ ( ၁၁ ) ရက်နေ့မှ နိုဝင်ဘာလ ( ၁၅ ) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သီပေါ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၆၀၀၀ ၊ အလုံးလတ် ကျပ် ၅၀၀၀ ၊ အလုံးသေး ကျပ် ၄၀၀၀ မှ ၃၅၀၀ ၊ မုံရွာ မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀ ၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၅၀၀၊ ၁၀၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၆၀၀၊ အလုံးလတ် ကျပ် ၅၀၀ မှ ၄၀၀ ၊ အလုံး သေး ကျပ် ၃၀၀ မှ ၂၀၀၊ သီပေါ မှ နာနတ်သီး အလုံးက
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ကုန်းသာကျေးရွာအုပ်စု ကုန်းသာကျေးရွာရှိတောင်သူအများစုမှာ ဒေသထွက်အိုးလုပ်ငန်းဖြင့် မိရိုးဖလာ တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၅.jpg?itok=SqA4X9V1)