ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Nov 2022

           တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးစပါး ၈၉၁၈၄ ဧက စိုက်ပျိုးထားရှိရာ ယခုအခါ ၂၀၈၉၆ ဧက ရိတ်သိမ်းပြီးစီးပြီးဖြစ်ပါသည်။ တစ်ဧကလျှင် အထွက်နှုန်းမှာ ၇၉.၉၅ တင်းရှိပါသည်။ ဒေသပေါက်ဈေးမှာ မြို့ပေါ်အရောက် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀ ရှိပါသည်။

22 Nov 2022

         တောင်ငူခရိုင်၊ ဖြူးမြို့မှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အုန်းသီးခေါက်မုန့်များအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ရေနှင့် အုန်းသီးတို့ပဲဖြစ်ပါသည်။ အုန်းသီးခေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့်မှာ ဂျုံ၊ သကြား၊ ဆီနှင့် ရေတို့အား ရော၍နယ်ရပါသည်။ ထို့နောက်  ဂျုံနှင့်ဆီကို သပ်သပ်ထပ်နယ်ရပါသည်။ အုန်းသီးကိုခွာ၍ အုန်းခြစ်နှင့်ခြစ်ကာ သကြားနှင့်သမအောင် ရောမွှေပေးရပါသည်။ ဂျုံ၊ သကြားနှင့် ရေနယ်ထားသောမုန့်အနှစ်အား ပြင်ပအခွံ ပြုလုပ်ရပါသည်။ ထိုအခွံထဲသို့ ဂျုံနှင့်ဆီ

22 Nov 2022

             တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက် ၂ လမ်းတွင်  ထုတ်လုပ်သောကြက်ဥမုန့်သည် ဒေသတွင်း လူကြိုက်များသည့်မုန့်တစ်မျိုးဖြစ်ပါသည်။ ကြက်ဥမုန့်ပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းများမှာ ကြက်ဥ၊ သကြား၊ ဂျုံ၊ ဆီ၊ ဆားနှင့် Baking Powder (ပွဆေး)တို့ဖြစ်ပါသည်။

22 Nov 2022

            ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့၊ ကင်မွန်းခြုံကျေးရွာအုပ်စု၊ ခြံကြီးမြိုင်ရှိ တောင်သူကြီး ဦးစိန်ဝင်းသည် ယမန်နှစ်က အထွက်ကောင်းထိုင်းစပါးမျိုးများဖြစ်သော jasmine-5 နှင့် DR-43 စပါးမျိုးအား စမ်းသပ်စိုက်ပျိုးရာတွင် ဆန်သားကောင်းမွန်၍ ရာသီဥတုဒဏ်ခံခြင်း၊ အထွက်နှုန်းကောင်းခြင်းများကြောင့် ယခုနှစ် မိုးရာသီတွင် ယင်းစပါးမျိုးများအား နွေစပါးရာသီတွင် မျိုးအဖြစ်ပြန်လည်ရောင်းချရန်အတွက် ရည်ရွယ်၍ စိုက်ပျိုးခဲ့ပါသည်။

22 Nov 2022

         မကွေးကုန်စည်ဒိုင်၌ (၁၁.၁၁.၂၀၂၂)ရက်နေ့ စျေးနှုန်းများမှာ ပဲတီစိမ်း(၂၀)ပိဿာလျှင် ကျပ်(၄၉၀၀၀-၅၀၀၀၀)၊ ပဲနောက် (၂၀)ပိဿာလျှင် ကျပ်(၅၆၅၀၀-၅၇၀၀၀)၊ ပဲလွန်းဝါ (သေး) (၁၉)ပိဿာလျှင် ကျပ် (၄၈၀၀၀)၊ ကုလားပဲ (929)(၁၉)ပိဿာလျှင် ကျပ်(၆၀၅၀၀)၊ ကုလားပဲ (HL)(၁၉)ပိဿာလျှင် ကျပ် (၆၀၀၀၀)၊ ကုလားပဲ(သေး) (၁၉)ပိဿာလျှင် ကျပ်(၅၈၅၀၀) တို့ဖြင့် စျေးနှုန်းအသီးသီးရှိကြပါသည်။ ပဲကြီးမဲ၊ ပဲထောပတ်၊ ပဲစဉ်းငုံနီ၊ မတ်ပဲ၊ စားတော်ပဲ တို့သည် စျေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

Pages