ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်သို့ ကျောက်ပန်းတောင်းဘက်မှ ကြက်သွန်နီ (၂၅) ပိဿာဝင်ဆံ့ အိတ် ၁၅၀ ခန့်၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၃၀၀ ခန့် အဝင်ရှိပြီး ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး (ကြီး/လတ်/ သေး) ကျပ် ၄၁၀၀-၃၉၀၀-၃၆၀၀ တို့ဖြင့် ရောင်းဝယ်မှုရှိနေပါသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှု၏ ထက်ဝက်ခန့်ကို ပုံမှန်ဝယ်လက်များဖြင့် ရောင်းဝယ်မှုရှိနေပြီး ပြည်မြို့ဒေသတွင်း လက်လီဈေးများတွင် (ကြီး/လတ်/သေး)ကျပ် ၄၆၀၀-၄၄၀၀-၄၂၀၀ တို့ ရှိသဖြင့် ယခင်နိုဝင်ဘာ လဆန်းကာလများထက် တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် ၅၀၀ ခန့
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၂၅.jpg?itok=W7yU8w7E)
ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီသည် စားသုံးသူများက ရာသီပေါ် အစားအစာအဖြစ် စားသုံးမှုများကြပါသည်။ ပန်းဂေါ်ဖီသည် ပြည်မြို့ရှိ ဈေးကြီးအပါအဝင် ကျန်ဈေးများတွင် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဝင်ရောက်လာပြီး စတင်ရောင်းချလျက်ရှိပါသည်။ ပန်းဂေါ်ဖီသည် အေး၍စိုစွက်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်စိုက်ပျိုးပြီး၊ တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ယခုအချိန် ပြည်ဈေးကွက်သို့ဝင်ရောက်လာ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၂၄.jpg?itok=bhXso0VO)
မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂)မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြသည်။
ပြည်ခရိုင်အနေဖြင့် နေကြာကို မိုးနေကြာနှင့်ဆောင်းနေကြာဟူ၍ စိုက်ပျိုးကြပါသည်။ လူသားတို့အတွက် အဓိကကျသောအခြေခံစားကုန်မှာ ဆန်ဖြစ်ပြီး စားသုံးဆီမှာ ဒုတိယအရေးပါသော စားသောက်ကုန်ဖြစ်ပါသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသလို နေကြာသီးနှံသည်လည်း စားသုံးဆီဖူလှုံရေးအတွက် စိုက်ပျိုးသင့်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပါသည်။ နေကြာသီးနှံကို စိုက်ပျိုးမည်ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ-၂ တို့ကို ရွေးခ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၂၃_1.jpg?itok=VyiNS-dy)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား အဓိကထား စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်သီးနှံများအနက် နေကြာသည် မြန်မာ့ဆီ ဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသည့် သီးနှံလည်းဖြစ်သည်။ နေကြာသီးနှံသည် စားသုံးဆီအဖြစ်သော်လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ်သော်လည်းကောင်း၊ ဆေးဝါးနှင့်ဆေးဝါးအထောက်ကူပြု ပစ္စည်းများအဖြစ်လည်းကောင်း၊ နိုင်ငံခြားတင်ပို့မှုတွင်လည်းကောင်း အရေးကြီးကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ နေကြာသီးနှံသ