ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ကြက်ကင်နှင့်ငါးကင်ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင် စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူမြို့မဈေးမှ ဝယ်ယူရ ကြောင်းသိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင်ရောင်းချနေသော အကင်ဈေးနှုန်း များမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ငါးကင်အသေးတစ်ကောင် လျှင်(၃၅၀၀)ကျပ်၊ ငါးကင်အကြီးတစ်ကောင်လျှင် (၁၀၀၀၀)ကျပ်၊ ကြက်ပေါင်(၁)ကင်လျှင် (၅၀၀၀) ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အခြားသောအကင် မျိုးစုံလည်းရောင်းချကြောင်း၊ နေ့စဉ်ဝယ်ယူစားသုံးသူ များသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ အကင်အမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)