ကုန်သွယ်မှုသတင်းများ
ကျွန်တော်တို့ ကမ္ဘာမြေကြီးတွင်ရှိသော လူသားများသည် စားရေး၊ ဝတ်ရေး၊ နေရေးဆိုသော အရေးသုံးပါးအတွက် နေ့စဉ်နှင့်အမျှ လှုပ်ရှားရုန်းကန်နေကြပါသည်။ နိုင်ငံအသီးသီး၊ လူမျိုးအသီးသီးတို့၌ အစားအသောက်နှင့်ပတ်သက်၍ မတူညီသည်ကို တွေ့ရှိရပါသည်။ နိုင်ငံတစ်ခုအတွင်းတွင်လည်း ဒေသအလိုက် အစားအစာများရှိကြပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ဒေသအလိုက် ရာသီအလိုက် ရိုးရာအစားအစာများရှိကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၃၂.jpg?itok=vqIZ5_T0)
ယခုအပတ် ပြည်ကုန်စိမ်းဈေးကွက်တွင် ကျောက်စိမ်းငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၃၆၀၀ ကျပ်၊ ခရမ်းချဉ်သီး ဗမာသီးတစ်ပိဿာလျှင် ၁၇၀၀ ကျပ်၊ တောင်ပေါ်ပီနံသီးတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ပီနံအစစ်တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ဂေါ်ဖီထုတ်အထုတ်ကြီးတစ်ထုတ်လျှင် ၁၆၀၀ ကျပ်၊ အလတ်တစ်ထုတ်လျှင် ၁၃၀၀ ကျပ်၊ အသေးတစ်ထုတ်လျှင် ၁၁၀၀/၁၂၀၀ ကျပ်၊ ဗမာပန်းဂေါ်ဖီအကြီးတစ်ပွင့်လျှင် ၅၀၀ ကျပ်၊ အသေးတစ်ပွင့်လျှင် ၃၀၀ ကျပ်၊ ခရမ်းသီးတစ်တွဲလျှင် ၄၀၀-၅၀၀ ကျပ်၊ ခရမ်းသီးပြုတ်သီးတစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ နံနံပင်ဈေးမှာ တစ်ပိဿာလျှ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၃၁.jpg?itok=levNccuM)
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် (၁၆.၁၁.၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ရှန်တက်ဆန်စက်လုပ်ငန်းပိုင်ရှင် ဦးမြင့်နှင့် တွေ့ဆုံ၍ ဆန်စက်လည်ပတ်နေမှု အခြေအနေများ၊ စပါး၊ ဆန်ဈေးနှုန်းဈေးကွက်အခြေအနေများ ဆွေးနွေးခဲ့ကြပါသည်။
နိုဝင်ဘာလ ပထမပတ်မှစ၍ တစ်နှစ်မှတစ်ခါသာပေါ်သည့် ရာသီစာဖြစ်သည့် ထန်းမြစ်ဟူ၍လည်းကောင်း၊ အချို့အရပ်ဒေသများအခေါ် ထန်းပင်ပေါက်များမှာ ယခင်နှစ်ကထက် ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ထန်းမြစ်(သို့) ထန်းပင်ပေါက်များကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။ ထန်းမြစ်ဈေးနှုန်းများမှာ အချောင်းအသေး ၂၅ ချောင်းတစ်စီးလျှင် ၁၅၀၀ ကျပ်၊ အချောင်းအကြီး ၂၅ ချောင်းတစ်စီးလျှင် ၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိိရပါသည်။ ထန်းမြစ်ဈေ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၃၀.jpg?itok=QpOws0Xd)
ပြည်ဈေးကွက်တွင် ခရမ်းချဉ်သီးများဈေးကောင်းရရှိကာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ယခုလိုဆောင်းရာသီတွင် ခရမ်းချဉ်သီးများထွက်ပေါ်လာပြီဖြစ်၍ ပေါ်ခါစတွင် ဈေးကောင်းရသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့နယ်အတွင်းရှိကျေးရွာတော်တော်များများတွင် ခရမ်းချဉ်ကို စိုက်ပျိုးကြသလို ရွှေတောင်မြို့ရှိကျွန်းများတွင်လည်း စိုက်ပျိုးကြပါသည်။ စိုက်ဧကအနေဖြင့် ဧကပြတ်စိုက်ပျိုးခြင်းမရှိဘဲ သီးညှပ်အဖြစ်သာ စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးများမှာ ရှမ်းပြည်ဘက်မှလာသော ရှမ်းသီးနှင့်ဒေသတွင်းစိုက်ပျိုးသေ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၂၉.jpg?itok=0eTzbmLE)