ကုန်သွယ်မှုသတင်းများ
၂၀၂၂ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၈၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၄၅၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်တွင်း ကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၁၈)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ သိင်္ဂီဆန်စက်လုပ်ငန်းမှ မန်နေဂျာနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံများအနက် နှမ်းသည် စိုက်ဧကအများဆုံးဖြစ်ပြီး ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏၅၁.၃သန်းနှုန်းရှိကြောင်း သိရှိရပြီး မိုးနှမ်း၊ ဆောင်းနှမ်း၊ မိုးကြို ရေသွင်းနှမ်း ဟူ၍ ခွဲခြားထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘို ခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့နယ်တွက် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်(၄၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည် အဟောင်း (၂၅၀၀)ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၁၉၀၀)ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင်(၆၂၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင်(၉၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ လျှင်(၉၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ) တစ်ပိဿာ လျှင် (၅၅၀၀)ကျပ်မှ (၆၀