
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်သည် အူရှင်းစေသောအစားအစာဖြစ်ပြီး ကင်ပွန်းသီးကိုလည်း ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံးပြုကြပါသည်။
ယခုအခါ စည်ပင်သာယာဈေးတွင် ကင်ပွန်းချဉ်ရွက်များကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိကြောင်း ကင်ပွန်းချဉ်ရွက်များကို အစည်းလေးများစည်း၍ရောင်းချရာ (၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)