
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရှမ်းချောင်းရပ်ရှိ ကုန်စိမ်းဈေးတွင် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများအား အများအားဖြင့် ရန်ကုန်မြို့မှ ကားများဖြင့် သယ်ယူရောင်းချလျက်ရှိပါသည်။ ကုန်စိမ်းဈေးမှတဆင့် မြို့ပေါ်ရှိရပ်ကွက်များသို့ ဈေးလှည်းများဖြင့် လာရောက်ရောင်းချကြပါသည်။
ယနေ့ (၁၇.၆.၂၀၂၅)ရက်နေ့တွင် သခွားသီးတစ်လုံးလျှင် (၉၀၀)ကျပ်၊ မုန်လာဥနီ တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ တညင်းသီး(၁၀)လုံးလျှင် (၈၀၀)ကျပ်၊ ငရုပ်ပွတစ်လုံးလျှင် (၇၀၀) ကျပ်၊ သံပုရာသီးတစ်လုံးလျှင် (၁၀၀)ကျပ်၊ ခဝဲသီးတစ်လုံးလျှင် (၉၀၀)ကျပ်၊ ပဲလင်းမြွေသီးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင် (၉၀၀)ကျပ်၊ ခရမ်းချဥ်သီးတစ်ဆယ်သား လျှင် (၄၀၀)ကျပ်၊ ခရမ်းသီးတစ်လုံးလျှင် (၄၀၀)ကျပ်၊ ဂေါ်ဖီထုပ်တစ်ဆယ်သားလျှင် (၃၅၀)ကျပ်၊ ရုံးပတီသီးတစ်လုံးလျှင် (၁၀၀)ကျပ်၊ မင်းဂွတ်သီးတစ်လုံးလျှင် (၃၀၀)ကျပ်၊ ဒူးရင်းသီးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ သရက်သီးတစ်လုံးလျှင် (၇၀၀)ကျပ်၊ ဒေသထွက်ကြက်မောက်သီးတစ်လုံးလျှင် (၃၀၀)ကျပ်၊ မုန်ညင်းဖြူတဆယ်သားလျှင် (၈၀၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်းလျှင်(၄၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၅၀၀)ကျပ်၊ ဟင်းနုနွယ်ရွက်တစ်စည်းလျှင် (၅၀၀)ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၇၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)