ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်အတွင်း ထွက်ရှိသော ဒေသထွက်အာလူးသည် ပြည်နယ်အတွင်းစား သုံးသူများသော စားဖိုဆောင်သီးနှံတမျိုးဖြစ်သည်။ အာလူးကိုယခင်က လွိုင်ကော်၊ ဒီးမောဆို မြို့နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ဒီးမောဆိုမြို့နယ်မှာ စိုက်ပျိုးနိုင်မှုမရှိဘဲ လွိုင်ကော်မြို့နယ်အတွင်းသာ စိုက်ပျိုးမှုအနည်းငယ်ရှိသဖြင့် ဈေးကွက်လိုအပ်ချက်အရ အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်း၊ ကလော၊ နောင်တရားမြို့တို့မှ အများဆုံးတင် သွင်းရောင်းချလျက်ရှိပါသည်။ ယခုနိုဝင်ဘာလစတုတ္ထပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ
ကယားပြည်နယ်တွင်လိမ္မော်သီးကို ဘောလခဲမြို့နယ်အတွင်းရှိလွိုင်ဝိန်ကျေးရွာ၊ဝမ်မလန်ကျေးရွာတို့တွင်လည်း မိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီးမိုးအကုန်ဆောင်းဝင်စအချိန်တွင် ရောင်းချနိုင်သော ရာသီပေါ်သီးနှံတစ်မျိုးလည်းဖြစ်သည်။ဈေး ကွက်အတွင်းရောင်းချသောလိမ္မော်သီးမှာ ရှမ်းပြည်နယ်အတွင်းရှိ ပင်လောင်း၊ အောင်ပန်းနှင့် ကလောစသည့်ရှိဒေသများမှမှာ ယူတင်သွင်းကြပြီးယခုနိုဝင်ဘာလအတွင်း ဈေးကွက်အတွင်း၌ လိမ္မော်သီးအလုံးသေးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလုံးလတ်
ကယားပြည်နယ်တွင် ဖရဲသီးကိုမိုင်းလုံးရပ်ကွက်တွင်တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျှက်ရှိပြီး ပြည်နယ်ဈေးကွက်အတွင်းရောင်းချလျှက်ရှိပါသည်။ အခြားဒေသများမှလည်း မှာယူတင်သွင်းကြပြီး ဖရဲသီးကိုစစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာ စသည့်ဒေများမှတင်သွင်းရောင်းချကြပါသည်။ ယခုနိုဝင်ဘာလတတိယအပတ်တွင်ဖြစ်ပေါ်နေ သောဖရဲသီးဈေးနှုန်းမှာ ဖရဲသီးအသေးတစ်လုံးလျှင်(၅၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံး လျှင်( ၁၀၀၀ )ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်( ၁၅၀၀ )ကျပ်အထိ ဈေးကော
ပြည်နယ်တွင်းထွက်ရှိသည့် ဆီထွက်သီးနှံများကို ဒေသတွင်း စားသုံးလျက်ရှိပြီး အခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ဈေးကွက်လိုအပ်ချက်အရ စားအုန်းဆီကို အခြားမြို့များမှ တင်သွင်းရောင်းချနေရကြောင်း၊ စားအုန်းဆီကို စားသုံးမှုအပြင် ပြည်နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်များကလည်း အိမ်တွင်းမှုအကြော်နှင့် မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပါသည်။ ယခုနိုဝင်ဘာလအတွင်း ဈေးကွက်၌ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းမှာ လက်လီဈေးနှုန်းတစ်ပိဿာလျှင် (၇
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုအခြေခံလျှက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း ခေတ်မှီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လျှက်ရှိပါ သည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသော တောင်သူလယ်သမားမိသားစုများသည်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်လာကြပါသည် ။ ရာသီဥတုသုံးမျိုးရှိသော် လည်း တောင်သူလယ်သမားကြီးများသည် ရာသီအလိုက် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ ၊ ဟင်းသီး ဟင်းရွက်၊သစ်သီးဝလံများကိုလည်းတိုး