ကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Nov 2022

         မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဆီထွက်သီးနှံ (မိုး)နေကြာနှင့် (ဆောင်း) နေကြာ စုစုပေါင်း (၁၈၄၃)ဧက စိုက်ပျိုးထားရှိပြီး နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရပါသည်။ မြို့နယ်အတွင်း ယခုနှစ် ဆီထွက်သီးနှံ (မိုး) နေကြာကို သီးထပ်သီးညှပ် (၁၄၉၂) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၇၂၄)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၈.၂၈)တင်း ထွက်ရှိကြောင်းနှင့် (ဆောင်း)နေကြာ သီးနှံကို (၃၅၁)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

25 Nov 2022

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးနှောင်းဝါများ စတင်ထွက်ပေါ်နေပြီ ဖြစ်ရာ တောင်သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရလျက်ရှိကြောင်းသိရပါသည်။ ယခုနှစ် ဝါအစိုအခြောက်ပေါ်မူတည်၍ ဝါ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)မှ ကျပ်(၂၅၀၀)အထိ အရောင်းအဝယ် ဖြစ်ပြီး ယခင်နှစ်က ဝါ တစ်ပိဿာလျှင် ကျပ်(၂၅၀၀) စျေးရရှိကြောင်း ဝါစိုက်တောင်သူတစ်ဦးထံမှ သိရပါသည်။ မြို့သစ်မြို့မှ ဝယ်ယူသည့် ပွဲရုံများ၌ တစ်နေ့လျှင်  ဝါပိဿာချိန် (၅၀၀)ပိဿာမှ (၁၀၀၀)ပိဿာအထိ အရောင်းအဝယ်ရှိကြောင်း  ဝါအဝယ်ပွဲ

25 Nov 2022

      မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကြောင်လျှာတော၊ ဩဇာတော၊ စမ်းစုရွာ များတွင် မိုးပဲတီစိမ်းများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ချောက်မြို့ပေါ်ပွဲရုံများသို့ တစ်ရက်လျှင် အိတ်(၃၀၀-၃၅၀) ဝင်ရောက်ကြောင်းသိရှိရပါသည်။

25 Nov 2022

       အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ (၁)အိတ်လျှင် နှမ်းနက်(စမုံ)မှာ ယခင်အပတ် (၁၆.၁၁.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀) ယခုအပတ် (၂၂.၁၁.၂၀၂၂)ရက်နေ့တွင် ကျပ် (၂၅၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) ၊ နှမ်းပြာ ယခင်အပတ် ကျပ်(၂၂၀၀၀၀) ယခုအပတ် ကျပ်(၂၁၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀၀) ၊ နှမ်းဖြူ ယခင်အပတ် ကျပ်(၂၄၅၀၀၀) ယခုအပတ် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)၊ နှမ်းနီ ယခင်အပတ် ကျပ်(၂၃၀၀၀၀) ယခုအပတ် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) အသီးသီးဈေးနိမ့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် ၄၅ပိဿာဝင်အိတ်ဖြင့် နှ

25 Nov 2022

          ပြင်ဦးလွင်မြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ ရာသီသီးနှံ၊သစ်သီးများမှာလည်း ထွက်ရှိလာပြီဖြစ်ပါသည်။ရာသီသီးနှံများထဲမှ နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီး စိုက်ဧက(၁၉၄) ဧကမှာလည်း အောက်တိုဘာလလယ်မှ စတင်ကာထွက်ပေါ်ခဲ့ပြီး ယခုနိုဝင်ဘာလတွင် စျေးကွက်အတွင်းသို့လှိုင်လှိုင်ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါသည်။ထောပတ်သီးနှံကို ဒေသမျိုး ၊မြောက်ကျွန်းသူမျိုး အများစုစိုက်ပျိုးပြီး နိုင်ငံခြားမျိုးများအဖြစ် Hass ၊ Vecconeer မျိုးများကိုလည်း အနည်းစုစတင် စိုက်ပျိုးလာပြီဖြစ်ပါသည်။

Pages