ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ခေတ်မီဆန်စက်၊ ဟာလာဆန်စက် စုစုပေါင်း ၄၅ စက်ရှိပါသည်။ စပါးအခြောက်ခံစက်တပ်ဆင်ထားသောစက်မှာ ၅ စက်ခန့်ရှိပါသည်။ ယခုအခါ စပါးရိတ်သိမ်းနေသည့်ကာလဖြစ်သဖြင့် ဆန်စက်များသို့ စပါးများ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တောင်ငူမြို့နယ်တွင် မိုးစပါးစိုက်ဧက ၅၈၀၃၄ ရှိပြီး နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ၃၄၈၈၄ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၆၁.jpg?itok=RakfHMhB)
မြန်မာ့ရိုးရာအစားအစာ များစွာရှိသည့်အနက် မုန့်ကြာရိုးမုန့်သည် ဆောင်းအစတွင် ရာသီစာအဖြစ် မြန်မာတို့ နှစ်ခြိုက်စွာစားသုံးကြသော မုန့်တစ်မျိုးဖြစ်ပါသည်။ မုန့်ကြာရိုးကို ရှမ်းမရွေးဟူ၍လည်း ခေါ်ကြပါသည်။ မြန်မာလ တန်ဆောင်မုန်းအစမှ မိုးဦးကျမစောလျှင် တန်ခူးလအထိ ပြုလုပ်ရောင်းချကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၆၀.jpg?itok=YSckIOnw)
ဂေါ်ဖီထုပ်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင် အပါအဝင်ဖြစ်ပြီး စားသုံးသူများကြိုက်နှစ်သက်သည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို လူအများစုက ဟင်းချိုချက်ခြင်း၊ အသားတစ်မျိုးမျိုးနှင့် အစိမ်းကြော်ကြော်၍ စားသုံးခြင်း၊ အသုပ်ထဲထည့်၍ စားသုံးခြင်း၊ အကြော်စုံများနှင့်တွဲဖက်၍ စားသုံးခြင်းနှင့် တို့စရာအဖြစ် စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးကြပါသည်။ ယခုအချိန်တွင် ဂေါ်ဖီထုပ်ကို ဈေးများတွင်ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ဂေါ်ဖီထုပ်ပင်သည် ရှမ်းပြည်ဘက်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၂၈.၂.jpg?itok=P4F1Ngg6)
ပေါက်ခေါင်းမြို့နယ်တွင် မုန်လာဥဖြူများထွက်ပေါ်နေပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂) နေ့ နံနက်ပိုင်းတွင် မုန်လာဥဖြူစိုက်ပျိုးသော သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၅၇.png?itok=0cInTIBb)
ယခုတစ်ပတ် ညောင်လေးပင်မြို့နယ်အတွင်း ဆင်းသုခစပါးသစ်ဈေးနှုန်းများအနေဖြင့် ပေါင် (၄၈) တင်း ၁၀၀ လျှင် ၁၁၂၀၀၀၀ ကျပ်ဖြစ်ပြီး၊ ဆင်းသုခ ဆန်သစ်တစ်အိတ်လျှင် ၄၃၅၀ဝ ကျပ် ၊ ဆန်ဟောင်းတစ်အိတ် ထိပ်စလျှင် ၄၉၀၀၀ ကျပ်၊ ဆန်ကွဲကြီးတစ်အိတ်လျှင် ၃၉၅၀၀ ကျပ် ၊ ဆန်ကွဲသေးတစ်အိတ်လျှင် ၃၈၅၀ဝ ကျပ် ၊ ဖွဲနုတစ်အိတ်လျှင် ၁၉၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၅၆.jpg?itok=Sm1nzdA1)