ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ညောင်ပင်ဈေးတွင် ဖရဲသီးများ အများအပြားဝင်ရောက်လျှက် ရှိပါသည်။ ဖရဲသီးတွင် ဒေသအခေါ် ဒုံးကျည်သီးနှင့် ဗမာသီးဟူ၍ နှစ်မျိုးနှစ်စား ရှိပါသည်။ ဒုံးကျည်သီး၏ အားသာချက်မှာ အလုံးသေး၍ ဈေးကောင်းပေးဝယ်ရပြီး အရသာမှာ ပို၍ ချိုမြပါသည်။ ဗမာ ဖရဲသီး၏ အားသာချက်မှာမူ အလုံးအရွယ်အစား အင်မတန်ကြီးသော်လည်း တန်ဖိုးနည်းပါသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ နိုဝင်ဘာလ( ၃၀ )ရက်နေ့မှ ဒီဇင်ဘာလ( ၆ )ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်း
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/100_3.jpg?itok=g6lCXKX1)
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဖရဲသီးများ စတင်ထွက်ပေါ်ပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ဖရဲသီးစိုက်ပျိုးဧက(၁၀၀)နီးပါးရှိပြီး မီးလောင်အုပ်စုတွင် ဧက (၂၀)ခန့် စိုက်ပျိုးထားသည်ဟု သိရှိရပါသည်။ ဖရဲသီးကို မေလမှစ၍ ဖေဖော်ဝါရီလအတွင်းစိုက်ပျိုးကြပါသည်။ ဖရဲသီးတစ်ဧကလျှင် ဖရဲပင်ပေါင်း ၂၀၀၀ကျော်ခန့် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး (၂)လအတွင်း အသီးများ စတင်ဆွတ်ခူးရပါသည်။ ဖရဲတစ်ဧက စိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်မှာ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်သို့ ယခုအပတ်တွင် ဆောင်းနှမ်းများ စတင်ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။ ဝင်ရောက်လာသောဒေသများမှာ ပေါက်ခေါင်း၊ နတ်တလင်းနှင့် ကံမဘက်မှ နေ့စဉ် တစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ခန့်ဝင်ရောက်လျက်ရှိပြီး မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် ဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆောင်းနှမ်းအသစ်များဝင်ရောက်မှုရှိပြီး အဝယ်လိုက်နေသော်လည်း နှမ်းနီနှင့် နှမ်းနက်ဈေးမှာ ယခင်အပတ်ကထက်ကျဆင်းလာပြီး စမုံနက် နှမ်းမှာ ယခင် အပတ်ကအတိုင်း ဈေးငြိမ်နေကြောင်း သိရှိရပါသည်။ ယခု
နိုဝင်ဘာလကုန်ပိုင်းတွင် ဆောင်းမြေပဲဆန်အသစ်များ ဈေးကွက်သို့ စတင်ခြေချဝင်ရောက်လာပြီဖြစ်သဖြင့် ပြည်ဈေးကွက်သို့ ပြည်-အောင်လံကြားရှိ ကျေးရွာများ ၊ရွှေတောင်၊ မြန်အောင်နှင့်ကြံခင်းဘက်မှ ပေါ်ခါစဖြစ်၍ ဝင်ရောက်မှုနည်းနေသေးကာ နေ့စဉ်တစ်နေ့လျှင် အိတ် ၆၀၀/၇၀၀ ခန့် ဝင်ရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ ယခုအပတ် ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် မြို့တွင်း ဆီစက်သမားများကဝယ်ယူမှုရှိပြီး ယခင်အပတ် ဈေးထက်စာပါက တစ်ပိဿာလျှင် ၂၀၀ကျပ်ခန့် ဈေးကျလာကြောင်း တွေ့ရှိရပါသည်။ မြေပဲလုံးဆန်(အ