
ပြည်မြို့နယ်တွင်စားတော်ပဲသီးနှံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး စားတော်ပဲဈေးနှုန်းမှာ ယခင်နှစ် ကထက်ဈေးပိုမြင့်နေပါသည်။ ယခင်နှစ်ကစားတော်ပဲသီးနှံတစ်တင်းကို (၉၀၀၀၀)ကျပ် ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ပါသည်။ ယခုနှစ်တွင်ဇွန်လဒုတိယပတ်တွင် စားတော်ပဲဈေးမြင့်တက်လာပြီး ပဲတစ်တင်းကို (၁၆၀၀၀၀)ကျပ်ဖြင့် စားတော်ပဲဈေးမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်က စားတော်ပဲ ဈေးကွက်မှာ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ခန့် ဈေးပိုရခဲ့ပြီး မြို့တွင်း အဝယ်တစ်ရက် ကိုအိတ် (၂၅)ခန့် အရောင်း အဝယ်ရှိခဲ့ပါသည်။
DOCA(ပဲခူး)