
ပိန္နဲသီးကို ကြိုက်နှစ်သက်သူများသလို ပိန္နဲစေ့ကိုလည်း ဆေးကြောပြီး ပြုတ်စားခြင်းများ ၊ ပုဇွန်ခြောက်ငံပြာရည်ချက်နှင့်တွဲဖက်၍ စားသုံးခြင်းများလည်း ရှိပါသည်။ ပိန္နဲစေ့ကို ခွံခွာပြီး သရေစာအဖြစ်လည်းစားသုံးလေ့ရှိကြသည်။ ပိန္နဲစေ့တွင်သံဓာတ်ပါဝင်မှုများသောကြောင့် သွေးအား နည်းရောဂါကိုကုသနိုင်ပြီး သွေးနှင့်ပတ်သက်သော ရောဂါတော်တော်များများကိုလည်း ကာကွယ် ပေးပါသည်။ သံဓာတ်သည်သွေးနီဉဆဲလ်များ ထုတ်လုပ်မှုကိုတိုးမြင့်စေသောကြောင့် ကိုယ်ခံအား ကိုတိုးတက်စေပါသည်။ တိုင်းရင်းဆေးပညာများတွင် ဝမ်းချုပ်ခြင်းနှင့် အခြားအစာချေပြဿ နာများကို ကုသရာတွင် ပိန္နဲသီးအစေ့ကိုကြိတ်ထားသည့် အမှုန့်ကိုအသုံးပြုခဲ့ကြသည်။ ပိန္နဲစေ့တွင် အစာချေနစ်ကိုကောင်းမွန်စေသည့် အမျှင်ဓာတ်များစွာလည်း ပါဝင်ပါသည်။ ဗီတာမင်အေ ပါဝင်သောကြောင့် အမြင်အာရုံကိုကောင်းမွန်စေသည့်အပြင် မျက်စိအတွင်းတိမ်နှင့် အသက် အရွယ်ကြောင့်မျက်စိမှုန်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ပိန္နဲစေ့တွင်ပါဝင်သော မဂ္ဂနိစ် သည်သွေးခဲပိတ်ဆို့ခြင်းကိုလည်းထိန်းညှိပေးပါသည်။ ပရိုတင်းကြွယ်ဝစွာပါဝင်သောကြောင့် ကြွက် သားဖြစ်ပေါ်မှုကိုလည်း အားပေးပါသည်။ ပိန္နဲစေ့သည် ကျန်းမာရေးအတွက်သာမက အလှအပဆိုင် ရာများတွင်ပါအကျိုးပြုပါသည်။ ပိန္နဲစေ့ကို နွားနို့၊ ပျားရည်တို့နှင့် စိမ်နှပ်ထားပြီး အကုန်ရော ကြိတ်ကာ ရလာသောအနှစ်ကိုမျက်နှာပေါ်တွင် လိမ်းပေးပြီး ခြောက်လာသည့်အခါ ရေနွေးနှင့်မျက် နှာသစ်ပါက မျက်နှာအသားအရေကိုကြည်လင်ဖြူဝင်းလာစေပါသည်။ ပိန္နဲစေ့တွင်ပါဝင်သော ဗီတာ မင်အေနှင့်ပရိုတင်းဓာတ်များသည် ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းမှကာကွယ်ပေးပြီး ဆံ သားကျန်းမာရေးကိုအားဖြည့်ပေးပါသည်။ သံဓာတ်ပါဝင်မှုကြောင့် ဦးရေပြားသွေးလည် ပတ်မှုကို ကောင်းစေသည်။ ပိန္နဲစေ့သည်စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်သည့်အတွက် စိတ်ဖိစီးမှု ကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းမှလည်းသက်သာစေပါသည်။ ထို့ကြောင့် ပိန္နဲသီး ဝယ်စားသည့်အခါ အစေ့ပါစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့်အလှပဆိုင်ရာအကျိုးကျေးဇူးများကို ရနိုင်ပါသည်။
DOCA(မန္တလေး)