
ငါးပတ်နှင့်ငါးပေါက်စကို ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို လက်လီ/လက္ကား ငါးအရောင်းအဝယ်ပြုလုပ်သည့် ဒိုင်များမှ ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ဒုတိယ အပတ်တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများ အနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာ လျှင်(၁၃၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေး ဖောက်ပြီး)တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယ အပတ်တွင် ကျွန်းလှမြို့၏ ငါးပတ် ဈေးနှုန်းများ အနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ငါးပေါက်စဈေးနှုန်းများ အနေဖြင့် ငါးပေါက်စ(ခေါင်းဖြတ် ချေးဖောက်ပြီး) လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ် ဈေးနှုန်း ရှိသောကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မိုးများသည့်အတွက် ငါးပတ်ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။
DOCA(စစ်ကိုင်း)