ကုန်သွယ်မှုသတင်းများ
ပြည်မြို့၏ နနွင်းဈေးကွက်မှာ ဈေးငြိမ်နေပြီး အရောင်းအဝယ်ပါးနေကြောင်း တွေ့ရှိရပါသည်။ နနွင်း ဝင်ရောက်မှုမရှိဘဲ ပွဲရုံများတွင် လက်ကျန်နနွင်းများသာရှိပြီး ဝယ်လက်နည်းသွားသဖြင့် ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။ ယခုနိုဝင်ဘာလလဆန်းပိုင်းတွင် နနွင်းဈေးများမှာ နနွင်း အတက်ကြီး တစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ အတက်အလတ် တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အတက်အသေး အညှပ် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် ယခင်အောက်တိုဘာလအတိုင်း ဈေးအတက်အကျမရှိဘဲ ဈေးငြိမ်နေသော်လည်း အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။
ဖျာပုံမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသော မုန့်မျိုးစုံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး၊ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ရမှုရှိစေရေး၊ စားသုံးသူများ ဘေးဉပဒ် အန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်လုပ်သူများ ပိုမိုအကျိုးစီးပွားဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ နိုဝင်ဘာလ(၁၁)ရက်နေ့က အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မုန့်မျိုးစုံထုတ်လုပ်လျက်ရှိသော ရွှေဒေါင်းမ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/aya3_0.jpg?itok=g-lkIzLj)
ပြည်ဈေးကွက်၌ ယခုနိုဝင်ဘာလဆန်းပိုင်းတွင် နှမ်းဈေးများကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ ဈေးကွက်သို့ နှမ်းဝင်ရောက်မှုမရှိသော်လည်း ယခင် ပစ္စည်းလက်ကျန်ရှိသောကြောင့် နှမ်းဈေးများ ကျဆင်းနေပါသည်။ နှမ်းဈေးများ ကျဆင်းနေသောကြောင့် ကုန်သည်ပွဲစားများက ထုတ်၍ ရောင်းချမှုမရှိသဖြင့် ဝယ်လက်များရှိသော်လည်း အရောင်းအဝယ်ပါးနေကြောင်း တွေ့ရှိရပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၂၁၀၀၀၀ကျပ်၊ နှမ်းနက်(၃)တင်းတစ်အိတ်လျှင် ၂၃၀၀၀၀ကျပ်နှင့် စမုံနက်နှမ်း (၃)တင်းတစ်အိတ်လျှင် ၂၆
ပြည်ဈေးကွက်တွင် မြေပဲဆန်များ ယခုနိုဝင်ဘာလဆန်းပိုင်းအထိ ဝင်ရောက်မှုရှိနေသေးသဖြင့် တစ်နေ့လျှင် အိတ် ၄၀၀/၅၀၀ခန့် ဝင်ရောက်မှုရကြောင်း တွေ့ရှိရပါသည်။ မြေပဲဆန်များကို မြန်အောင်၊ ကြံခင်း၊ ဝက်ထီးကန်နှင့် ပေါက်ခေါင်းဘက်မှ ဝင်ရောက်မှုရှိပြီး ဝင်သလောက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ လုံးဆန် (အဖြူ)ကို ယိုးဒယားသို့တင်ပို့ရန်အဝယ်ရှိသလို၊ လုံးဆန်(အနီ) ကို မြို့တွင်း ပဲကြော်သမားများနှင့် လက်လီသမားများကအဝယ်ရှိပြီး ဆီဆန်ကို မြို့တွင်းဆီစက်များက အဝယ်ရှိကြောင်း တွေ့ရှိရပါသည်။ ယခုနိုဝင်ဘာ
ပြည်မြို့ရှိဈေးကွက်များတွင် ဓါတ်မြေဩဇာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပုံမှန် အရောင်းအဝယ်ဖြစ်သော ဓါတ်မြေဩဇာဈေးနှုန်းများမှာ မြင်းပျံဓါတ်မြေဩဇာ ICPကုမ္ပဏီ (ပုလဲ) 46% ဈေးမှာ တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ရွှေနဂါး(ပုလဲ)တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ရွှေနဂါး (ပုလဲသာ)တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်၊ ဂျက်ဆင်ကျောက်မုန့် (25Kg) တစ်အိတ်လျှင် ၆၅၀၀ကျပ်၊ ရွှေပွားဆာဖာပုလဲ(50Kg) တစ်အိတ်လျှင် ၇၀၀၀ကျပ်၊ အောင်နှံဝေ တစ်အိတ်လျှင် ၇၃၀၀၀ကျပ်၊ MC 15 ပတ်လည် ၄၅၀၀၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပြီး ဘိလပ်မြေဈေ