
ဗီယက်နမ်အမျိုးသားလွှတ်တော်သည် ဇွန်လ ၁၄ ရက်နေ့က အထူးစားသုံးခွန်ဆိုင်ရာ ပြင်ဆင်သည့် ဥပဒေကို အတည်ပြုခဲ့ပြီး သကြားပါသောအချိုရည်များအပေါ် ပထမဆုံးအကြိမ် အဖြစ် အခွန် ကောက်ခံရန် အတည်ပြုလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ၏ ဖော်ပြချက်အရသိရသည်။ ပြန်လည်ပြင်ဆင်သည့် ဥပဒေအရ ၁၀၀ မီလီတွင်သကြား ၅ ဂရမ်ထက်ပိုသော အချိုရည်များကို ၂၀၂၆ ခုနှစ်တွင် ၀ ရာခိုင်နှုန်း၊ ၂၀၂၇ ခုနှစ် ဇန်နဝါရီတွင် ၈ ရာခိုင်နှုန်းနှင့် ၂၀၂၈ တွင် ၁၀ ရာခိုင်နှုန်းတို့ အခွန်ကောက်ခံသွားမည်ဖြစ်သည်။ အစီအရင်ခံစာအရ နို့၊ သစ်သီးဖျော်ရည် ၁၀၀ ရာခိုင်နှုန်း၊ အုန်းရည်၊ အာဟာရဖြည့်စွပ်စာအရည်၊ ရေသန့်နှင့် nector drink များကို အခွန်ကင်းလွှတ်ခွင့်ပေး မည်ဖြစ်ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၆ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်အသက်ဝင်မည့် အဆိုပါဥပဒေသည် လေအေး ပေးစက်များစသဖြင့်ပစ္စည်းများ၏ အတိုင်းအတာတစ်ခုအထိပါဝင် မည်ဖြစ်ပြီး အရက်၊ ဆေးလိပ်၊ မော်တော်ယာဉ်များနှင့် ဖျော်ဖြေရေးဝန်ဆောင်မှုများကဲ့သို့ ကုန်ပစ္စည်းများအပေါ် လက်ရှိအခွန်နှုန်းထားများကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အစီအရင်ခံစာတွင်ဖော် ပြထားသည်။ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်များက အွန်လိုင်းဂိမ်းများ၊ အလှကုန်ဝန်ဆောင်မှုများနှင့် ပလတ်စတစ်ထုတ်ပိုးခြင်းကဲ့သို့သော အခွန်ကောက်ခံမှုအသစ်များကို အဆိုတင်သွင်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန်လည်း ဆိုင်းငံ့ထားကြောင်း သိရသည်။
Source: Xinhua
DOCA(ရန်ကုန်)