ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် ယခုအပတ်တွင် အာလူး ဂေါ်လီစ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၁၉၀၀ ကျပ်၊ အသေးတစ်ပိဿာလျှင်၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၄၀၀ ကျပ်မှ ၂၅၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၂၆၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ် မြင့်တက်လာပါသည်။
တောင်ငူမြို့ရှိ ဈေးများတွင် တောင်ငူမြို့နှင့်အနီးတဝိုက်မှ ရာသီပေါ်သီးနှံများ တင်ပို့ရောင်းချလျက်ရှိရာ ဒေသထွက်နဂါးမောက်သီးများမှာ အကြီးတစ်လုံးလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၅၀ ကျပ်ရှိပြီး အသေးသုံးလုံး ဝယ်ပါက ၁၀၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
နေပြည်တော် နိုဝင်ဘာလ ၁၃
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/oil_5.jpg?itok=75hzBv1u)
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၃.၁၁.၂၀၂၂)ရက်နေ့မှ ယခုအပတ် (၉.၁၁.၂၀၂၂)ရက်နေ့အတွင်း (၄၅)ပိဿာဝင်(၁)အိတ်လျှင် နှမ်းနက်(စမုံ) ကျပ်(၂၆၅၀၀၀)၊ နှမ်းဖြူ ကျပ်(၂၅၀၀၀၀)၊ နှမ်းနီ ကျပ်(၂၃၀၀၀၀)တို့ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ နှမ်းပြာမှာယခင်အပတ် ကျပ်(၂၃၀၀၀၀) ယခု အပတ်ကျပ်(၂၂၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်ပြီး အရောင်းအဝယ်ပမဏ အနေဖြင့် နှမ်းနက် (စမုံ) (၁၂၀၀)အိတ်၊ နှမ်းပြာ(၃၈၀)အိတ်၊ နှမ်းဖြူ(၉၀)အိတ်၊ နှမ်းနီ (၁၇၀)အိတ်တို့ အရောင်းအဝယ်ရှိ ခဲ့
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/1.12_0.jpg?itok=rtbbQbuN)
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ဆောင်းပဲတီစိမ်းများ စျေးကွက်သို့ ဝင်ရောက်ပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းရလျှက်ရှိကြောင်း၊ အညာဒေသတွင် မိုးနှောင်းသီးနှံအဖြစ် ဆောင်းပဲတီစိမ်းများသည် အောက်တိုဘာလတွင် စတင်ပေါပြီး ပေါ်ဦးပေါ်စ စျေးနှုန်း ပိဿာ(၂၀) တစ်တင်းကို ကျပ်(၄၉၀၀ဝ) စျေးကောင်းရရှိကြောင်း သိရှိရသည်။