
သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ်(၁၃.၆.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး)(အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၁၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၈၅၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၄၁၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၉၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ ဒီဇယ်၊ ဓါတ်ဆီ (ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့် မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၈၉၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၈၄၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၃၇၅ ကျပ်၊ ဒီဇယ်အဆင့်မြင့်ဈေးနှုန်း တစ်လီတာမှာ ၂၉၅၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ဈေးနှုန်းတက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)