ကုန်သွယ်မှုသတင်းများ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၁၂) ရက်နေ့မှ အောက်တိုဘာလ (၁၈) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ အောင်ပန်း မှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၁၈၀၀ ၊ ဟင်္သာတ မှ ကန်စွန်းဥ တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀၊ အလုံးလတ် ကျပ် ၉၀၀၊ တိုက်ကြီး မှ ကျွဲကောသီး (အဖြူ) အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၊ အလုံးသေး ကျပ် ၅၀၀၊ တိုက်ကြီး မှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀၀၊ အလုံးလတ် ကျပ် ၅၀၀
မွန်ပြည်နယ်သည် ကွမ်းသီးထွက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ကွမ်းသီးအများဆုံး စိုက်ပျိုးသည့်ဒေသမှာ ရေးမြို့နယ်ဖြစ်သည်။ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း မွန်ပြည်နယ်၏ ကွမ်းသီး စိုက်ဧကမှာ (၅၆၂၆၁)ဧက၊ ခူးဧက (၅၁၄၂၅)ဧက၊ အထွက်နှုန်း (၁၀၅၅)ပိဿာ၊ စုစုပေါင်းအထွက် (၅၄၂၆၀၇၀၉) ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။
ကယားပြည်နယ်တွင် ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ဆောင်ပြောင်း၊ ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ဂျင်းကို ဟင်းခက်အမွေးအကြိုင်အဖြစ်ရိုးရာ အစားအစာများ၊ ဟင်းလျာများတွင်အသုံးများသဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခု အောက်တိုဘာလ တတိယပတ်တွင် ဈေးကွက်အတွင်းဒေသထွက်ဂျင်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်စက်တင်ဘာလတတိယပတ်တွင် ဒေသထွက် ဂျင်းတစ်ပိဿာလျှင် (၁၁၀၀)ကျပ်ခန့် သာရှိခဲ့ပြီး ယခင်စက်တင်ဘာလတတိယပတ်နှင့်ယခု အောက်တိုဘာလ တတိယပတ
စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို ပြည်နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊ ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါ၍ ပြည်နယ်အတွင်း စားသုံးရန်အတွက် ကြက်သွန်(ဖြူ)ကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချလျက် ရှိကြောင်း ၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုအောက်တိုဘာလ တတိယပတ်တွင် ကြက်သွန်(ဖြူ) ရှမ်းစ တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ ယခင် စက်တင်ဘာလတတိယပတ်တွင် ကြက်သွန် (ဖြူ) ရှမ်
ကယားပြည်နယ်သည် ဆီထွက်သီးနှံအဖြစ် နှမ်းသီးနှံကို အဓိကစိုက်ပျိုးသော ဒေသဖြစ်ပါတယ်။ ကယားပြည်နယ်တွင် နှမ်းကို လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်နှင့် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် အဓိကစိုက်ပျိုး ကြပါတယ်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နှမ်း(မိုး)ကို လွိုင်ကော်ခရိုင်၌ စိုက်ဧက (၃၆၇၈) ဧကခန့်စိုက်ပျိုးခဲ့ပါကြောင်းနှင့် ဘောလခဲခရိုင်တွင်စိုက်ဧက (၁၉၇၁၉) ဧကစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါတယ်။