ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Oct 2022

      ပြည်ဈေးကွက်သို့ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၃၀၀ကျော် ပခုက္ကူဘက်မှ ကြက်သွန်နီ အိတ် ၂၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ ဈေးနှုန်းမှာ ပြည်ဈေးကွက်၌ ဩဂုတ်လစတုတ္ထပတ်တွင် တစ်ပိဿာလျှင် ကျပ် ၃၀၀၀ကျော်ထိ ဈေးများတက်လာခဲ့ပြီး အောက်တိုဘာလပထမပတ်တွင် တစ်ပိဿာလျှင်ပျမ်းမျှကျပ် ၃၀၀နှုန်းခန့် ဈေးပြန်ကျပြီး ယခုကာလတွင် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ခန့် ထိ ဈေးများ ပိုမိုမြင့်တက်သွားပါသည်။ ဈေးများမြင့်တက်သဖြင့် တစ်ပိဿာလျှင် ကျပ် ၃၄၀၀-၃၆၀၀ ရှိသော ကြက်သွန်နီအသေးစများသာ ပိုမိုရောင်းဝယ်မှုရှိနေပါသည်။ အရောင

27 Oct 2022

       ပြည်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကား သမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့ရှိ ပွဲရုံများမှ တစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့နယ် မင်းကုန်းကျေးရွာတွင် အများအပြား စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပြည်မြို့တွင်စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ တစ်ပိဿာလျှင် ၈၀၀ဝိ-၉၀၀ဝိကျပ်၊ ပီနန် ငရုတ်သီးစိမ်းမှာ တစ်ပိဿာလျှင်

27 Oct 2022

       ပြည်ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲသီးနှံအနေဖြင့် အောက်တိုဘာလဆန်းရက်မှာ တစ်တင်းလျှင် ကျပ် ၆သောင်းအောက် လျော့ကျလာခဲ့ပြီး ယခုရက်များတွင် တစ်တင်းလျှင် ကျပ် ၆သောင်းကျော် ပြန်လည်ရရှိလာခဲ့ပါသည်။ ပဲအဝင်မရှိသော်လည်း လက်ကျန်လှောင်ပဲများရှိသေးသည့်အတွက် ရန်ကုန် ဝယ်လက် ဝယ်လိုအားရှိမှုအပေါ် တစ်ရက်အိတ် ၂၀၀/၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်ပဲသီးနှံဈေးမှာ ငွေဈေးအတက်အကျပေါ်မူတည်၍ ဈေးအပြောင်းအလဲဖြစ်ခဲ့သောကြောင့် ဈေးအမြင့်ဖြင့်သာ ယခုနှစ်ရောင်းဝယ်ခဲ့ကြသည်ကိုတွေ့ရှိရပါသည်။ တစ်ချို့လှောင်

27 Oct 2022

      ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်အချို့ စတင်ဝင်ရောက်လာခဲ့ပါသည်။ ပြည်အနီးတဝိုက်နှင့် ပေါက်ခေါင်းမြို့နယ်တို့မှ ဝင်ရောက်ခြင်းဖြစ်ပြီး အိတ် ၁၀၀/၂၀၀ကျော်ခန့် နေ့စဉ်ဝင် ရောက်လျက်ရှိပါသည်။ ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၄၅၀၀၀ကျပ်မှ ၄၇၀၀၀ကျပ်ဖြင့် ရရှိနေပြီး ဝယ်လိုအားအနေဖြင့် မန္တလေးလိုင်းသမား အဓိကထားဝယ်ယူခဲ့ကြပါသည်။ ပဲတီစိမ်းသီးနှံမှာ မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်တာလုံးရောင်းချရခြင်းမရှိဘဲပဲပေါ်ချိန် အထွက်လှိုင်ချိန် ကာလများ တွင်သာ အရောင်းအဝယ်သွက်သော ပဲသီးနှံဖြစ်ခဲ့ပါသည်။  ဒါ့ကြော

27 Oct 2022

      တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၁၀၂.၈၃)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၉၀၁၅) မက်ထရစ်တန် ရှိကြောင်း သိရှိရပါသည်။မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖ

Pages