ကုန်သွယ်မှုသတင်းများ
၂၀၂၂ခုနှစ် အောက်တိုဘာလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၈၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၅၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ချင်း
ပြည်မြို့အတွင်းရှိ ဈေးကွက်များသို့ ရေချိုငါးသလောက်များ ရန်ကုန်ဘက်မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး တစ်ဆင့်ပြန်လည်ရောင်းချသူများက အဝယ်ရှိသလို လက်လီ ဝယ်ယူစားသုံး သူများကလည်း ဝယ်ယူလျက်ရှိပါသည်။ ပြည်မြို့အနီးအနားရှိ ချောင်းများမှ ရရှိသော ငါးသလောက် ပေါက်များလည်း ဈေးကွက်သို့ လာရောက်ရောင်းချလျက်ရှိပြီး ကြော်စား၊ ပေါင်းစားသည့် စားသုံးသူများက ဝယ်ယူလျက်ရှိသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် ငါးသလောက် တစ်ပိဿာလျှင် ၂၅၀၀၀ကျပ် ၊ ငါးသလောက်ပေါက် တစ်ပိဿာလျှင် ၈၀၀၀-၉၀၀၀က
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/33_1.jpg?itok=U_bVUU0R)
ပြည်ကုန်စည်ဒိုင်ရှိ ပဲအမျိုးအစားအလိုက် ဈေးများမှာ အောက်တိုဘာလဒုတိယပတ်တွင် ပဲဈေးများကျနေပြီး၊ တတိယပတ်တွင် ပဲဈေးများပြန်တက်လာသည်ကို တွေ့ရှိရပါသည်။
ပြည်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ဒုတိယပတ်တွင် မတ်ပဲတစ်တင်းကို ၅၉၅၀၀-၆၀၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၁၀၀/၁၅၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အောက်တိုဘာလ တတိယပတ်တွင် မတ်ပဲဈေးတက်လာပြီး တစ်တင်းကို ၆၂၀၀၀-၆၂၃၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက် အဝယ်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/32.jpg?itok=5QAbBm7b)
မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မုန့်လေပွေသည် သီတင်းကျွတ်လတွင်သာ ရရှိသည့် ရာသီပေါ်သားရေစာအဖြစ် စားသုံးရသည့် မုန့်တစ်မျိုးဖြစ်ပါသည်။
ပြည်ဈေးကွက်ရှိ နနွင်းပွဲရုံသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းမြို့တို့မှ နနွင်းများ ပုံမှန် ဝင်ရောက်လျက်ရှိပြီး ဝယ်လိုအားကောင်းလာသော်လည်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ နနွင်း ဈေးများမှာ အောက်တိုဘာလ တတိယပတ်တွင် နနွင်း အတက်ကြီးတစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ နနွင်းအတက်သေးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အသေးအညှပ်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ယခင် အောက်တိုဘာလဆန်းကအတိုင်း ဈေးငြိမ်နေသော်လည်း ဒေသတွင်း လက်လီသမားများနှင့် ခြင်ဆေးထွန်းရန် ဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/29_0.jpg?itok=jnyAik58)