ကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင် (၁)အိတ်လျှင် နှမ်းပြာမှာ ယခင်အပတ်(၂၀.၁၀.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၄၀၀၀၀)မှ ယခုအပတ် (၂၆.၁၀.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်ပြီး နှမ်းနက် (စမုံ)မှာယခင်အပတ် ကျပ်(၂၇၅၀၀၀) ယခု အပတ် ကျပ်(၂၇၅၀၀၀)၊ နှမ်းဖြူ ယခင်အပတ် ကျပ်(၂၅၅၀၀၀) ယခုအပတ်ကျပ်(၂၅၅၀၀၀)၊ နှမ်းနီ ယခင်အပတ် ကျပ်(၂၄၀၀၀၀) ယခုအပတ်ကျပ်(၂၄၀၀၀၀)အသီးသီးရှိခဲ့၍ ဈေးနှုန်းပြောင်းလဲမှုခြင်း မရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် နှမ်းနက် (စမုံ) (၁
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/1.12.jpg?itok=BCEJFK2-)
ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာများနှင့် ညောင်ဦးမြို့ နယ် ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက် ပန်းတောင်း၊ မုံရွာ၊ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုန်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ မိုးတွင်းကာလဖြစ်၍ ကုန်ပစ္စည်းအဝင်နည်းကြောင်း၊ ယခု အောက်တို ဘာလ(စတုတ္ထ)ပတ်တွင် မြေပဲဈေးကွက်ငြိမ်ပြီး အတက
ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီ စိုက်ပျိုး၊ ထုတ်လုပ်၊ ထွက်ရှိ၊ ရောင်းဝယ်ကုန်သွယ်မှု အများဆုံးမြို့ဖြစ်သည်။ ဆိပ်ဖြူလက္ကားကုန်စည်ဒိုင်တွင် မြို့နယ်အတွင်းရှိ ဒေသတွင်းနေရာအနှံ့အပြားနှင့် နီးစပ်ရာ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ယောနယ်ဒေသ ပေါက်မြို့နယ်ထွက် ကြက်သွန်နီများလည်း အရောင်းအဝယ်ဖြစ်ပြီး ကုန်စည်ဒိုင်သို့ နေ့စဉ် ကုန်ချိန် (၂)သောင်းခန့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/1.10.jpg?itok=9exJyKlV)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်းများသည် (၂၆.၁၀.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ပန်းတောကျေးရွာ၌ တောင်သူ ဦးကျော်ကျော်အောင်နှင့်တွေ့ဆုံ၍ ပန်းမုန်လာစိုက်ပျိုးထွက်ရှိမှု ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှ ဝန်ထမ်း များသည် (၂၁.၁၀.၂၀၂၂)ရက်နေ့၊နံနက် (၁၀:၀၀)နာရီ အချိန်တွင် သနပ်ကုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ ဆောင်းသီးနှံပဲယင်းစိုက်ပျိုးထုတ်လုပ်သော တောင်သူဦးဆက်နိုင်နှင့် တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ် ၊ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။