ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်သည် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် ပြောင်း၊ နှမ်း တို့ကို အဓိကစိုက်ပျိုးကြပြီး ယခုလအတွင်း ဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀ ကျပ်မှ ၉၂၀ ကျပ်)အကြား အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခင်လ အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင်(၇၀၀ ကျပ်မှ ၈၀၀ ကျပ်) အတွင်းသာရှိပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် (၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်လ ကယား ပြည်နယ်မှ အခြားဒေသများသို့ အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ (၇၆၁) တန်ခန့် တင
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/13_3.jpg?itok=BAexZ3m8)
၂၀၂၂ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၃၈၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၄၅၀၀က
မုံရွာမြို့၌ ရှမ်းပြည်နယ်ထွက် ထောပတ်သီးများ ဝင်ရောက်မှု များပြားနေကြောင်း သိရှိရ ပါတယ်။ ရှမ်းပြည်နယ်မှ တင်ပို့လာသည့် ထောပတ်သီးများကို ရောင်းချကြပါတယ်။ ဈေးကွက်တွင် ထောပတ်သီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၃၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၅၀၀)ကျပ် ဝန်းကျင် ရောင်းချရကြောင်း ၊တစ်နေ့လျှင် ထောပတ်သီး (၁၀၀)လုံးပါ ခြင်းတောင်း (၁၅)ခြင်းမှ (၂၀)ခြင်း အထိ မုံရွာမြို့သို့ ဝင်ရောက်လျှက်ရှိကြောင်း ထောပတ်သီး ရောင်းချသည့် ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)
မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ အောက်တိုဘာလ စတုတ္ထပတ်တွင် သံချောင်းလုံး ဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။ သံချောင်းလုံး ၃မူး တစ်တန် ကျပ် ၁၆၀၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၁၄၅၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၄၅၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ် ကျပ် ၈၆၀၀၊ အပါချီ တစ်အိတ် ကျပ် ၈၆၀၀၊ Crown တစ်အိတ် ကျပ် ၈၆၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင
( ၂၇.၁၀.၂၀၂၂ ) ရက်နေ့တွင် ကလေးမြို့နယ် ၊ မြို့သာရပ်ကွက်မှ ဆန်စက်အသင်း ဥက္ကဌဦးဆွေဝင်း ရွှေတော်ဝင်ဆန်စက်သို့ သွားရောက်၍ ကလေးခရိုင်ရုံးမှ ဒေါ်စန္ဒာမွန် (ဒု-ဉီးစီးမှူး) ဒေါ်ဇင်မိုးဝါ(ကြီး/ရေး) တို့တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရာ ၁၀/၂၀၂၂လ အတွင်းတွင် စပါးကြိတ်ခွဲမှုအနေဖြင့် ဆန်စက်တစ်ချို့ တစ်ဝက်သာ ကြိတ်ခွဲနိုင်ပြီး ဆန်ရောင်းဝယ်မှုများ အနေဖြင့်လည်း အခြားဒေသများသို့ ရောင်းချရမှုများမရှိဘဲ ဒေသတွင်းစားဆန်များသာ ရောင်းချရလျှက်ရှိပါကြောင်း၊ စပါးဈေးဆန်ဈေးနှုန်းများမှာ ယခုလအတွင်းတွင် ဈေးနှုန
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/7_5.jpg?itok=u4wVvtAf)