ကုန်သွယ်မှုသတင်းများ

Powered by Drupal
02 Nov 2022

      ကံမမြို့နယ်မြောက်ချောင်းဘက်ရှိ ရေနံသာကျေးရွာ၊ ဆုံကုန်းခြောက်ပင်၊ သံပရာ၊ ဥသျှစ်ကုန်း၊ မင်းတည်းစသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းသီးနှံ ပဲတီစိမ်းများ စတင်ပေါ်ထွက်လျက်ရှိပါသည်။ ပဲတီစိမ်း (၃၀)ပိဿာဝင် တစ်အိတ်လျှင် အောက်တိုဘာလ(တတိယ)ပတ်တွင် ကျပ်(၇၀၀၀၀) ရှိခဲ့ရာ ယခု(စတုတ္ထ)ပတ်တွင် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၆၇၀၀၀ မှ ၇၃၀၀၀)ထိဖြစ်ပြီး ပဲအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း အတက်ဖြင့် တစ်ပတ်လျှင် အိတ်(၅၀)ခန့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

02 Nov 2022

    ပခုက္ကူမြို့မဈေး ဈေးကွက်သို့ စားဖိုဆောင်သီးနှံများဖြစ်သော ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနှင့် ဂျင်းတက်များ ဝင်ရောက်လျက်အရောင်းအဝယ်ဖြစ်ကြောင်း၊ အောက်တိုဘာလ(တတိယ)ပတ်တွင် ခရမ်းချဉ်သီးများမှာ ကျောက်ပန်းတောင်းနှင့် ရှမ်းပြည်နယ်အောင်ပန်းမှ ကုန်ချိန်(၆၀၀၀)ခန့်ဝင်ရောက် လျက်ရှိပြီး ဈေးနှုန်းများအနေဖြင့် အရည်အသွေး၊ အရွယ်အစားကိုလိုက်၍ ကျပ်(၂၈၀၀/၂၇၀၀/၂၆၀၀) ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ယခင်(ဒုတိယ)ပတ်တွင် ကျပ်(၂၆၀၀/၂၅၀၀/၂၄၀၀)ဈေးနှုန်းဖြစ်၍ ယခင်(၁) ပတ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရ

31 Oct 2022

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခမ

28 Oct 2022

         မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။

မတ်ပဲ

28 Oct 2022

       ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာလ (၁၉) ရက်နေ့မှ အောက်တိုဘာလ (၂၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီး မှ ထောပတ်သီး အလုံးကြီး သေတ္တာ အလုံး ၃၅ လုံး နှင့် ၄၀ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် အလုံး ၄၅ လုံး နှင့် ၅၀ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး အလုံး ၆၀ လုံး နှင့် ၆၅ လုံး ပါကျပ် ၈၀၀၀၊ ချောင်းဦး မှ ဖရဲသီး (855) အလုံး ကြီး ကျပ် ၅၅၀၀ ၊ အလုံးလတ် ကျပ် ၄၅၀၀ ၊ အလုံးသေး ကျပ် ၃၅၀၀ ၊ ချောင်းဦး မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀ မှ

Pages