ကန်ကြီးထောင့်မြို့နယ်၏ ရုံးပတေသီး ဈေးကွက်အခြေအနေ

Powered by Drupal

             ကန်ကြီးထောင့်မြို့နယ်တွင် ရုံးပတေသီးပင်များကို ကျေးရွာများရှိ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးထားကြောင်း သဘော့ငူကျေးရွာ၊ ဆင်ကွင်း၊ ကွင်းယားကျေးရွာ၊ ကုန်းစုကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသော ရုံးပတေသီးများကို ကန်ကြီးထောင့်မြို့ဈေးကွက်သို့  တင်ပို့ရောင်းချကြပါသည်။ ရုံးပတေသီးပင်များကို မေလနောက်ဆုံးပတ်တွင် စိုက်ပျိုးထားရှိပြီး ၄၅ ရက်အတွင်း အသီးများကို စတင်ခူးဆွက်နိုင်သည်။ ရုံးပတေသီးမျိုးစေ့  အထုပ်ကြီး (၁) ထုပ်လျှင် ၅၀၀၀ ကျပ်၊ အထုပ်သေး (၁) ထုပ်လျှင် ၂၀၀၀ လျှင်ဖြင့် ဝယ်ယူရကြောင်း ရုံးပတေသီးစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ရုံးပတေသီး တစ်စည်းလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ (၁၀) စည်းလျှင် (၄၅၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း ရုံးပတေသီးစိုက်သူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)