မြိတ်မြို့ပေါ်ရှိရာသီပေါ်ပင်မှည့်သီး‌

Powered by Drupal

    မြိတ်ခရိုင်တွင် အအေးဖျော်ရည်များ၌ ပင်မှည့်သီးဖော်ရည်သည် လူကြိုက်များပြီး ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသောအသီးဖြစ်သည်။ ‌ဒေသထွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သလို စီးပွားဖြစ် စိုက်ပျိုးနိုင်သောအသီးတစ်မျိုးဖြစ်သည်။ ဗီတာမင်ဓာတ်များပါဝင်ပြီး အရိုးများသန်မာစေသော အာနိသင်များပါဝင်သည်။  ရှမ်းပြည်နယ်မှတင်သွင်းလာသော ပင်မှည့်သီးကို မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးနှင့် နောက်လယ်ဈေး၊ သီရိမင်္ဂလာဈေးတို့တွင် ရောင်းချလျက်ရှိရာပင်မှည့်သီး ၁ ကီလိုလျှင် (၁၀၀၀၀)ကျပ် နှင့် ကီလိုဝက်လျှင် (၅၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)