
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် သခွားသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ဒေသခံတောင်သူများသည် သခွားသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ တောင်သူများသည် မိမိတို့၏ စိုက်ခင်းထွက်သီးနှံများကို ဘားအံမြို့ပေါ်ဈေးများတွင် လာရောက်ရောင်းချကြသည်။ သခွားသီးဈေးနှုန်းများမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀၊၃၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ကရင်)