မကွေးမြို့၊ စည်ပင်သာယာဈေးများ၌ ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ စည်ပင်သာယာဈေးများ၌ ခရမ်းချဉ်သီးကို မကွေးမြို့နယ်အတွင်းရှိ ကျစ်စုံပွေး၊ သပြေစမ်း၊ မြင်းကင်း၊ ချောင်းဖြူ၊ သင်္ဘောဆိပ်၊ ဝါးတောချောင်း နှင့် မင်းဘူးမြို့ရှိ ကျောက်တန်းကျေးရွာများမှ ထွက်ရှိသည့် ခရမ်းချဉ်သီးများအပြင်   ရှမ်းပြည်နယ်၊ အင်းလေးဒေသမှ မှာယူရောင်းချလျက်ရှိရာ အင်းလေးမျိုးများသည် အခွံထူ၍အထားခံပြီး ဒေသတွင်း ခရမ်းချဉ်သီးသည် အခွံပါးပြီးအချဉ်ဓါတ်များသည့်အပြင် ကြေလွယ်သည့်အတွက်  ဒေသထွက် ခရမ်း ချဉ်သီးကိုသာ စားသုံးမှုပိုများကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ခရမ်းချဉ်သီးများ ထွက်ရှိခြင်း မရှိဘဲ အင်းလေးဒေသထွက် ခရမ်းချဉ်သီးကိုသာ မှာယူရောင်းချရသည့်အတွက် လမ်းပန်းဆက် သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇွန်လ(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ ထပ်မံ၍လည်း ဈေးမြင့်တက်မည့်အခြေအနေရှိကြောင်း သိရသည်။

DOCA(မကွေး)