
၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါးသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အတောင့်ရှည် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင် (၂၅၀၀) ကျပ်ဖြင့် လည်းကောင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ကရင်ပြည်နယ်ဒေသအတွင်း ကြက်ဟင်းခါးသီးဈေးနှုန်း အနည်းငယ်ကျနေရခြင်းမှာ ဒေသထွက်စိုက်ခင်းမှ သီးနှံများ လှိုင်လှိုင်ထွက်ရှိလာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)