ကုန်သွယ်မှုသတင်းများ
ပြည်ပဲဈေးကွက်တွင် ပြည်ပဝယ်လက်ပဲများ ဈေးကောင်းရ၍အရောင်းအဝယ်ဖြစ်နေသလို ပြည်တွင်းစားသုံးမှုအနေဖြင့် လက်လီရောင်းဝယ်မှုဖြစ်တဲ့ ပဲများလည်းဈေးကောင်းရခဲ့ကြကာ စားတော်ပဲ သီးနှံအနေဖြင့် တစ်တင်း ၁၃၀၀၀၀ကျပ်အထိ ဈေးကောင်းရလျှက် ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံး ရနေခဲ့ကြောင်း သိရှိရပါသည်။ လက်လီရောင်းဝယ်မှုသာ ဖြစ်သည့်အတွက် တစ်ရက် အိတ် ၂၀ကျော် ပုံမှန်ရောင်းဝယ်ခဲ့ရပြီး ပဲအဝင်မရှိဘဲ လက်ကျန်ပဲများဖြင့် အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ စားတော်ပဲသီးနှံမှာ နှစ်စဉ်လိုလို ဈေးကောင်းရခဲ့သောကြောင့် ယခင်နှစ်က
မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသအနှံ့တွင် တစ်နှစ်ပတ်လုံး ထွက်ရှိ နေသည်ဟု ဆိုရပါမည်။ ဒေသအလိုက် ငရုတ်သီးပေါ်ချိန် ကွာခြားသကဲ့သို့ ဈေးကွက် အတက်၊ အကျ ကလည်း ဟန်ကျလိုက် မကျလိုက်နှင့် ငရုတ်သီးထွက်ရှိချိန်ကာလအလိုက် ဖြစ်ပေါ်နေသည်။ ကြက်သွန်၊ ခရမ်းချဉ်၊ ငရုတ်သည် ဈေးကွက် မတည်ငြိမ်သေးသော ဟင်းသီးဟင်းရွက် သီးနှံများ ဖြစ်ကြသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/chilli-cultivation.jpg?itok=2s95gZ2p)
ပြည်ဈေးကွက်အတွင်းရှိ ကြက်သွန်ဖြူဈေးများမှာ တစ်ပတ်ထက်တစ်ပတ် ဈေးမြင့်တက်နေသည်ကို တွေ့ရှိရပါသည် ။ အရောင်းအဝယ်အနေဖြင့် ယခင်စက်တင်ဘာလပထမပတ်တွင် အရောင်းအဝယ် အေးနေခဲ့ရာ ယခုတစ်ပတ်တွင်လည်း အရောင်းအဝယ်အေးနေဆဲဖြစ်ပါသည်။ အဝင်အနေဖြင့် ယခင် တစ်ပတ်မှစ၍ အဝင်လျော့နည်းခဲ့ခြင်းဖြစ်ရာ ယခုတစ်ပတ်မှာလည်း တစ်နေ့လျှင်အိတ် ၁၀၀ မှ ၁၅၀ အတွင်းသာ အဝင်ရှိကြောင်းသိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ(ကြူကုတ်) လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၄၅၀၀-၅၀၀၀၊ လက်လီဈေး ကျပ် ၅၅၀၀-၆၀၀၀ဖြင့် လည်းကောင်း၊
ပြည်ဈေးကွက်ရှိ ရှမ်းအာလူးများမှာ တောင်ကြီး၊ အောင်ပန်းမှ နေ့စဉ် ပုံမှန်အဝင်ရှိနေပြီး ဈေးနှုန်းအနေဖြင့် ယခင်စက်တင်ဘာလ ပထမပတ်ကထက် တစ်ပိဿာကို ကျပ် ၄၀၀ခန့် ဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူများ၊ အာလူးကြော် လုပ်ငန်းရှင်များနှင့် နယ်မြို့များမှ ဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်၍ ယခင်ထက် အရောင်းအဝယ် အေးနေကြောင်း သိရှိရပါသည်။ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုအနေဖြင့် အိတ်အနည်းငယ်သာရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကာ
ယခု စက်တင်ဘာလ ပထမပတ် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင်အပတ်ထက် ကျပ် ၄၀၀ခန့် ဆက်လက်မြင့်တက်သွားကြောင်း သိရပါသည်။ ဆိပ်ဖြူ၊ အောင်လံဘက်မှ ကြက်သွန်နီ (၂၅)ပိဿာ ဝင်အိတ် ၃၀၀ခန့် နေ့စဉ်အဝင်ရှိနေပါသည်။ ပန်းတောင်း(ဥသျှစ်ပင်)၊ သာယာဝတီခရိုင်နှင့် ဧရာဝတီ (ကြံခင်း) ဘက်တို့သို့ စီးဆင်းရောင်းဝယ်မှုနဲ့ အတူ ပြည်ဒေသတွင်း ဈေးကွက် ရောင်းဝယ် မှုအပါအဝင် ဝင်ရောက်မှုရဲ့ ထက်ဝက်ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးနှုန်း များအနေနဲ့ ပွဲရုံဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ်