ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ပတ်ဝန်းကျင်ရှိ နွယ်တမယ်ကျေးရွာ၊ ချောင်းကောက် ကျေးရွာများမှ တောင်သူများသည် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် အခြားသီးနှံစားပင် မျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်ပင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေ ပိုမိုရရှိနေကြောင်း သိရသည်။ ငရုတ်ပင်မှာ နှစ်တိုစားဖိုဆောင်သုံး သီးနှံဖြစ်သည့််အပြင် ဈေးကွက် ပုံမှန်ရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ ငရုတ်ပင်မျိုးများစွာရှိသည့် အနက် ငရ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/magway3.jpg?itok=2h7yqjsJ)
စားသုံးဆီတစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ၁၀-၉-၂၀၂၂ ရက်နေ့ တွင်နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအောင်ကိုထက်က ဇမ္ဗူသီရိ မြို့နယ်ရှိ ဘိုးဘွားရိပ်သာ၊ ရတဖ(၂၀)၊ ရကဖ(၁)၊ ပျဉ်းမနားခရိုင်၊ စည်ပင်သန့်ရှင်းရေးဝန်ထမ်းများနှင့် ရတဖ(၁၈)များသို့ ဆီပိဿာချိန် (၁၀၂၀)ကို ရောင်းချပေးခဲ့
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/NPT1.jpg?itok=aJuyAjZR)
စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အတွက် ဟင်းချက်စရာတစ် မျိုးဖြစ်သည့်ခရမ်းချဉ်သီးမှာ ဈေးကောင်းရနေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။ ပခုက္ကူမြို့မဈေး၊ အမှတ်(၂) ဈေးနှင့်အနောက်ပန်းခြံ ဈေးတို့တွင် ရှမ်းပြည်နယ် အင်းလေးဒေသမှ လာသောထိုင်ဝမ် ခရမ်းချဉ်သီး၊ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်မှလာသော ခရမ်းချဉ် သီးများမှာ လက်ကားတစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၈၀၀ )ကျပ်ထိဈေးတက်နေကြောင်း သိရှိရပါသည်။
ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ၊ ပဲတီစိမ်းအမျိူးမျိုး၊ ကုလား ပဲမျိုးစုံနှင့်နှမ်းမျိုးစုံတို့ ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလပထမပတ်၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၆၅၀၀၀ ) ကျပ်၊ ကုလားပဲဝါ လုံးကြီး တစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေးမှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် (၄၆၀၀၀ )ကျပ်မှ (၅၂၀၀၀)ကျပ်၊ နှမ်းနက်စမုံ ရိုးရိုးတစ်တင်းလျှင် (၆၅၀၀၀ မှ ၉၅၀၀၀)ကျပ်၊ နှမ်းနက်စမုံရှယ် တစ်တင်းလျှင် (၉၆၀၀၀ မှ ၁၀၀၀၀၀)ကျပ်၊ နှမ်းဝါ(ယော
ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ စက်တင်ဘာလ (ပထမ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခွဲခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန် ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန်(၄)သိန်းခွဲခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်