ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Aug 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး၊စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး၊စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး ၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

17 Aug 2022

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးတို့သည် (၁၁.၈.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မုံရွာမြို့၊ ကမ်းနားလမ်းရှိ မြသီရိဆန်၊ ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆန်၊ဆီများ၏ လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများ အခြေအနေ၊ ရောင်းဝယ်ဖောက်ကားမှုနှင့်ဈေးကွက်တွင်ကြုံတွေ့နေရသော အခက်အခဲများအား တွေ့ဆုံဆွေးနွေးမေးမြန်းခြင်းဖြင့်ဆောင်ရွက်ခဲ့ပါသည်။ မြသီရိ ဆန်၊ ဆီရောင်းဝယ်ရေးလုပ်ငန်း ပိုင်ရှင်ဦး‌‌ငွေမိုးက ယခုရက်မျ

17 Aug 2022

       မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသအနှံ့တွင် တစ်နှစ်ပတ်လုံးထွက်ရှိနေသည်ဟု ဆိုရပါမည်။ ဒေသအလိုက် ငရုတ်သီးပေါ်ချိန် ကွာခြားသကဲ့သို့ ဈေးကွက်အတက်/ အကျသည်လည်း ငရုတ်သီးထွက်ရှိချိန်ကာလအလိုက် ဖြစ်ပေါ်နေသည်။

17 Aug 2022

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ဒုတိယပတ်တွင်စပါး /ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ ပထမပတ်တွင် ရန်ကုန်သို့အိတ်ရေ ၃၇၀၀၀ ၊ မန္တလေးသို့အိတ်ရေ၄၇၄၀၀၊ နေပြည်တော်သို့အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၁၂၄၀၀၊ တန်အားဖြင့် ၅၆၂၀တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှ

17 Aug 2022

            မြန်မာနိုင်ငံ၏ လက်မှုရိုးရာ အနုပညာများတွင် ကမ္ဘာမှအသိအမှတ်ပြုထားခြင်းခံရသည့် ဧရာ၀တီတိုင်းဒေသကြီးမှ ပြုလုပ်သောလက်မှုရိုးရာ ပုသိမ်ထီးစျေးကွက်မှာ ပြည်တွင်းနှင့် ဥရောပစျေးကွက်ကို ခိုင်ခိုင်မာမာရရှိထားပြီး၊ ရှေးခေတ်ကပင် ဘုရင်များမှ ရွှေပြားကပ် ကနုတ်ပန်းများရေးဆွဲလျှက် ပန်းချီ ပညာများဖြင့် အလှဆင်ကာ အမြတ်တနိုး တန်ဖိုးထား၍ သုံးစွဲခဲ့ကြောင်း၊ မျက်မှောက်ခေတ်မှာလည်း ရှင်ပြုအလှူများနှင့် မြန်မာအမျိုးသမီးများ ကြက်သရေဆောင် ပစ္စည်းတစ်ခုအနေဖြင့် သုံးစွဲကြပြီး၊ ရဟန်းဆောင်ထီး၊ သီ

Pages