ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဖျာပုံခရိုင်၊ကျိုက်လတ် မြို့နယ်တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် (၁၂.၈.၂၀၂၂)ရက်နေ့မှ (၁၅.၈.၂၀၂၂)ရက်နေ့အထိ မြို့နယ်ထွေ/အုပ်၊ စည်ပင်၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ နေ့စဥ် နံနက်(၀၈:၀၀)နာရီ အချိန်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း (ယာယီ)မှ စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။
ဂျုံသီးနှံသည်စပါးနှင့် ပြောင်းသီးနှံပြီးလျှင် အရေးပါဆုံးကောက်ပဲသီးနှံများထဲမှ သီးနှံတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်း၊ ချင်းတွင်းမြစ် အောက်ပိုင်းဒေသများ၊ ရွှေဘို၊ ကျောက်ဆည်စသည့်ဒေသများတွင် ဂျုံကိုစိုက်ပျိုးကြသည်။ ဆောင်းရာသီ ဂျုံကို အဓိကစိုက်ပျိုးပြီးအရောင်မှာ အနီ၊ အဝါ၊ အဖြူ ကွဲပြားခြားနားမှုရှိသည်။ ဂျုံပင်များကို ၄ လခန့်မျှ စိုက်ပျိုးရ၏။ မြေအမျိုးအစားနှင့် သင့်တော်မည့်ဂျုံအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရပြီး မိုး
စားသုံးဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများမှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များ
(၁၅-၈-၂၀၂၂) ရက်နေ့မှာတော့ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် Diamond Dragon Co;Ltd မှ ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးတို့ဦးဆောင်မှုဖြင့် ရုံးအမှတ်(၅၂)ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာနနှင့် ကျောင်းပညာနှင့်တသက်တာပညာရေးဦးစီး ဌာနများရှိ ဝန်ထမ်းများကို ဘူးသွင်းဆီ(Consumer Pack) များကို ရောင်းချပေးခဲ့ပါတယ်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် တောင်ကြီးမြို့နေ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် (၁၅.၈.၂၀၂၂) ရက်နေ့တွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဈေး၊ တောင်ကြီးမြို့မဈေး၊ အမှတ်(၅)ဈေး၊ 212 ဈေး(ရဲဘော်ဈေး)၊ ဘူတာဈေးတို့တွင် စားသုံးသူပြည်သူများကို တစ်ဦးလျှင် (၁)ပိဿာနှုန်း၊ (၁)ပိဿာလျှင် (၄၁၀၀)ကျပ်နှုန်းဖြင့် စားအုန်းဆီများကို ဈေးကာ