ကုန်သွယ်မှုသတင်းများ
စားသောက်ဆိုင်များတွင် လူအများအသုံးပြုလျှက်ရှိသော ဝါးတူများ ပြုလုပ်ရာမှ စွန့်ပစ်ပစ္စည်းများဖြစ်သော ဝါးဖတ်များနှင့်ဝါးဆစ် အတိုအစများသည် ကျေးလက်နေပြည်သူများ၏ အဓိက လက်စွဲ ထင်းအစားထိုးလောင်စာဖြစ်ပါသည်။ ထင်းတောတက်ရန်၊ ထင်းခုတ်ရန်မလိုဘဲ အဆင်သင့် သုံးစွဲနိုင်သဖြင့် အိမ်ရှင်မများအတွက် အလွန်အဆင်ပြေပါသည်။
တောင်ငူမြို့ပေါ်တွင် ရာသီအလိုက် သစ်သီးဝလံရောင်းချသည့် ဆိုင်များ ပေါများလှပါသည်။ ယခုအခါတွင် နာနတ်သီးကာလဖြစ်သဖြင့် နာနတ်သီးများကိုလည်း သစ်သီးဆိုင်တိုင်းတွင် တွေ့ရပါသည်။
တောင်ငူမြို့သို့ မုံရွာမြို့မှ ဖရဲသီး(ဟီးရားသီး)များကို မော်တော်ယဉ်များဖြင့် လာရောက် ရောင်းချလျှက်ရှိပါသည်။
မကွေးတိုင်းဒေသကြီးတွင် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများ အားအပါတ်စဉ် ဈေးကွက်စုံစမ်း၍ စာရင်းပြုစုတင်ပြလျက်ရှိရာ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး လူသုံးများသော ဓါတ်မြေသြဇာများမှာ အာမို၊ MC၊ တက်တိုးနှင့် ရွှေပုလဲ ဖြစ်ကြပြီး စျေးနှုန်းများမှာ ဩဂုတ်လယခင်ပထမအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်ရှိပြီး ယခုဒုတိယအပတ်တွင် အာမို(၁၅:၁၅:၁၅)(50kg) တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်ဖြစ် ၍ (၁၀၀၀၀)ကျပ် စျေးတက်၊ MC (50kg)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည်(၁၀.၈.၂၀၂၂)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူ မြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများသို့ စားအုန်းဆီသုံးစွဲမှု ပမာဏများနှင့် ပဲကြော်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်အား ကွင်းဆင်းမေးမြန်းခဲ့ပါသည်။